(4)(Uni+Zaw)

1.7K 64 34
                                    

Unicode.........

"ဟေ့ကောင် ခဲဖိုး! ခဲဖိုး!"

ဟန်သန့်စင်၏အာလေးလျှာလေးနဲ့ခဲဖိုးတောင်းလာသည့်လေသံက တကယ့်ကိုပေးချင်းစရာအတိ။လူကြည့်တော့ နဖူးကိုလက်ညှိုးနဲ့ထိုးလိုက်ရင်တောင် ပလက်လန်လဲတော့မယ့်ကောင်က ခဲဖိုးတောင်းဖို့ကြမမေ့။သူတင်ပဲလားဆိုတော့မဟုတ်။မိစုအပါအဝင်ကျန်လေးယောက်က ရွှေကြိုးတားသည်မဟုတ်ပါဘဲ ဘာကြိုးဖြစ်ဖြစ် တားရပြီးရောဆိုသည့်သဘောနှင့် တွေ့ကရာကြိုးကောက်ကိုင်ပြီး တစ်ယောက်တစ်ဖက်စီ ကြိုးစွန်းကိုကိုင်လျက်အိမ်ပေါက်ဝမှာမတ်တပ်ရပ်နေကြလျက်သား။

ပွဲပြီးသွားပြီမို့ အမေနဲ့အဖေက ညဉ့်ခေါင်တို့ကို ဆုံးမစကားတွေပြောကာ အိမ်ပြန်သွားကြသည်။အဒေါ်စကားကတော့ နဂိုထဲကနားမဝင်သည့်အပြင် နှစ်ဦးသားစကားပြောတိုင်းဘုနဲ့ဘောက်ဖြစ်နေသည်မို့ ရွဲ့ပြောလိုက်၊စောင်းပြောလိုက်နဲ့ နှစ်ဦးသားစကားပြောခြင်းမှာ စကားကောင်းတစ်ခွန်းမှမရှိခဲ့။

"အောင်မာ! ဖယ်! ဖယ်! မင်းတို့ဒီနေ့ညသေအောင်မျိုထားတာမလား! ဘာမှပေးစရာမရှိဘူး!! လစ်!!!"

အပေါက်ဝမှာရပ်နေသော မိုးစွေတို့ ကောင်းကောင်းတို့ကို အိမ်ပေါက်ဝကနေအတင်းလက်တွေနဲ့တွန်းဖယ်နေရသော်လည်း အမူးသမားလေးကောင်နဲ့ ဘေးကစုစုက နည်းနည်းလေးတောင်မှနေရာမရွေ့။အမူးသမားတွေက ဒါမျိုးကျသန်တယ်။ညဉ့်ခေါင်နဲ့သူငယ်ချင်းတွေကိုဖြစ်ပျက်နေကြပုံကိုကြည့်၍ဘေးကငယ်ကတော့ ရယ်နေလိုက်သည်မှာ မျက်ရည်များပင်လည်လို့။

"ညဉ့်ခေါင် မင်းနေ့လယ်က ပြင်ထားပြီးသားမလား ပေးလိုက်ပါ"

ငယ်ကညဉ့်ခေါင်လက်ကိုခပ်ဖွဖွကုတ်ကာလေပြေအေးနှင့်ပြောလာသည်။

"ပေးဖို့ပြင်ထားရင်လည်း ပေးပါလား။မင်းရှည်ကိုရှည်တယ်နော် မင်္ဂလာဦးခန်းထဲမဝင်ချင်ဘူးထင်တယ်"

ပြောလာတဲ့ပုံကိုက စောက်ခွက်ဖြတ်ရိုက်ချင်စရာ။မူးပြဲနေတဲ့ အရက်သမားရုပ်က ခပ်ရဲရဲနှင့် ပြီတီတီပြောလာပုံက ညဉ့်ခေါင်ကိုတစ်စက်ကလေးမှမပြုံးစေနိုင်။မိုးစွေ၏ စကားကြီးကြောင့် ငယ့်မှာပါးပြင်လေးတွေ၊နားရွက်တစ်ဝှိုက်နဲ့ လည်ပင်းတွေက ရဲရဲနီလို့။

"ချစ်သော...."(S2)(married life)(Completed)Où les histoires vivent. Découvrez maintenant