အချပ်ပို

722 35 2
                                    

Unicode.........

"ဖြူဖြူ မောင်ရော"

"အိမ်နောက်ဖေးမှာ အစ်ကိုလေး"

"ဟင် မောင်က နောက်ဖေးမှာဘာလုပ်နေတာလဲ"

တစ်ကိုယ်တည်းအမေးစကားပြုမိနေကာ ယျာဉ်နှောင်းခြေထောက်တွေက မီးဖိုခန်းဘေး လှေကားအောက်ဘက်ကနေ ‌အိမ်နောက်ဖေးဆီသို့ ဦးတည်လိုက်သည်။တံခါးဖွင့်ထားသည်မို့ မြင်နေရသည်က ပိတောက်ပင်၏ ပင်စည်နှင့် မြက်ပင်ရှည်တွေ။တံခါးဘောင်ကို လက်နဲ့ကိုင်ထားပြီး ခါးကိုကိုင်းကာ မောင့်ကိုရှာမိတော့ ခေါင်းရင်းဘက်မှာ မြက်နုတ်နေ‌တဲ့ မောင့်ကိုတွေ့တော့ အံ့ဩသွားရသည်။သံုးနှစ်ပြည့်ပြီဖြစ်တဲ့ သားနဲ့သမီးကလည်း မောင်ရိတ်ပြီးလို့ ပြောင်နေတဲ့ မြက်ခင်းပြင်ပေါ်မှာ အခင်းလေးခင်းထားပြီး အရုပ်လေးတွေချပေးထားလျက် ဆော့နေကြလေသည်။တစ်ချက်တစ်ချက် ဖေဖေခေါ်၍ မောင်အမောပြေအောင် မပီကလာ၊ပီကလာစကားများကို တစ်လုံးချင်းဆီပြောနေသေးသည်။

ယျာဉ်နှောင်းလည်း အိမ်နောက်ဖေးစီးသည့် ကြက်ပေါင်ဖိနပ်ကို ကောက်စွပ်လိုက်ကာ

"မောင် ဘာလို့အဲ့တာတွေလုပ်နေတာလဲ"

နုတ်ထားပြီးသား ပုံနေသည့်မြက်တွေကို တစ်ပွေ့ကြီးသယ်လိုက်၍ တစ်နေရာမှာ သွားပုံဖို့ နေရာရှာရင်း ယျာဉ်နှောင်းမေးလိုက်သည်။

"အချစ်ရေ မလုပ်နဲ့ ပေကုန်မယ်"

ဝတ်လာသည့် အဖြူစွတ်စွတ်လေးကိုမှ အားမနာ မြက်ပင်တွေကို ရင်နဲ့ဆွဲကပ်လိုက်တာများ အချစ်ဦးကိုဆွဲဖက်လိုက်သလိုမို့ လက်ထဲက ပြန်လုနေရသည်။မော့ကြည့်လာသည့်မျက်နှာလေးက မကျေနပ်ကြောင်းပြနေသော်လည်း ညဉ့်ခေါင်ပြုလုပ်နေဆဲအလုပ်ကို မရပ်တန့်မိပါ။ကိုယ်က ပေလက်စမို့ ဘာမှမဖြစ်။ငယ်က လောလောလတ်လတ်ရေချိုးလာတယ်ဆိုတာ ဆပ်ပြာနံ့သင်းသင်းလေးက သက်သေပြနေသည်။

"ပေကုန်ပြီ တွေ့လား"

လက်ကောက်ဝတ်ဖြူဖြူလေးပေါ် မြေမှုန်လေးတွေက ကပ်တွယ်နေသည်မှာ အများအပြား။ညဥ့်‌ေခါင်လည်း ဝတ်ထားသော ဖုန်စတို့ပေနေသော ပုဆိုးအနက်ကို လက်သုတ်ဝတ်လို သုတ်ပစ်လိုက်ကာ ငယ့်၏လက်ကောက်ဝတ်က မြေမှုန်လေးတေ‌ွကို ဖယ်ပေးလိုက်သည်။

"ချစ်သော...."(S2)(married life)(Completed)Onde histórias criam vida. Descubra agora