(27)(Uni+Zaw)

883 30 0
                                    

Unicode........

"ချစ်တယ်နော် မောင်"

"ဟား ငယ်က‌ဗျာ"

သတိရလာချင်းချင်း အသံညှင်းညှင်းလေးနှင့် စီးပြောသည်က ခွဲခန်းထဲကထွက်လာမှပြောမည်ဆိုသည့်စကားလေး။‌နဖူးကို ဖွဖွနမ်းရင်း

"အများကြီးပင်ပန်းသွားပြီ ငယ်"

ခေါင်းအုံး‌ဖြူ‌ဖြူပေါ်က မျက်နှာဖြူရော်ရော်လေးအား ခပ်ဖွဖွတို့ထိကိုင်ရင်း ပါးနုနုလေးကို ခပ်ဖွဖွနမ်းမိသည်။သတိရဖို့ အကြာကြီးစောင့်ထားရတာမို့ ငယ်သာ ခွဲစိတ်မထားဘူးဆိုရင် တင်းနေအောင်ဆွဲဖက်ထားလိုက်မိပြီဖြစ်သည်။

"မောင့်ရင်ခွင်ထဲ အိပ်ချင်တယ် ဟီး"

လုပ်ချင်တာလုပ်ထားရတော့ ပျော်နေသူလေးက နာနေသည့်ကြားကတောင် ရယ်နိုင်သေးသည်။အသံတိုးတိုးလေးက အက်ရှရှရယ်။လက်ကိုခပ်သာသာကိုင်လျက် စိတ်ပူပန်မှုကြောင့် ခဏခဏဖျစ်ညစ်နေမိသည်။လက်ချောင်းထိပ်လေးတွေကို လက်မနဲ့လက်ညိုးကြား ဖိညစ်နေမိတော့ ရယ်သံ‌သေးသေးလေးက အားမရှိသလို ခပ်သာသာထွက်ပေါ်လာသည်။

ရေဆာလားမေးတော့ ခေါင်းညိတ်ပြသည်မို့ ရေတိုက်ဖို့ပြင်ရသည်။မျက်စိ‌ေရှ့မှာရှိ‌ေနသည်တိုင်‌ေအာင် စိတ်မချလို့ခဏခဏကြည့်‌ေနမိသည်မို့ ငယ်ကပေတေတေကြည့်သေး၏။ထို‌ေတာ့မှ မချိသွားဖြဲပြရင်း မျက်နှာလွှဲကာ ကုတင်ဘေးက စားပွဲပေါ်တင်ထားသည့် ရေသန့်ဘူးထဲက ရေအနည်းငယ်အား ဂွမ်းစပေါ်စွတ်၍ ငယ့်နှုတ်ခမ်း‌‌ေပါ် ‌ေရစွတ်သည်ဆိုရံုတိုက်ရသည်။

"ရေတောင်ကောင်းကောင်းသောက်မရတာကို ဘယ်လောက်ထိတောင် ဒုက္ခခံချင်သေးလဲ ငယ်ရယ် ဟင်"

"မောင်ရှိတာပဲ ဘာမှမဖြစ်ပါဘူးဆို"

"ကျစ်!"

"ကဲ ဟို ကဲကဲသဲသဲ သွား ဆရာဝန်ဆီ သွားမေးဦး။ဘာတွေ လုပ်ရမယ်၊ရှောင်ရမယ်ဆိုတာ၊သားနှောင်းကို အမေကြည့်ထားမယ် ခြင်တစ်ကောင်တောင် မသန်းစေရဘူး စိတ်ချလက်ချသွား"

ပြောလိုက်တော့ထိုင်ရာက ထလာရှာပါသည်။သံယောဇဉ်အမျှင်တတန်းတန်းနှင့် မခွဲနိုင်မခွာရက်သလို လှည့်ကြည့်လှည့်ကြည့်လုပ်နေသည်ကြောင့် ကြည့်မရပေမယ့်လည်း သူ့(မ)သားက ယျာဉ်နှောင်းကို တအားချစ်တာသိတာမို့ ဘာမှမပြောချင်တော့။

"ချစ်သော...."(S2)(married life)(Completed)Where stories live. Discover now