Chapter (7)

121 20 0
                                    

(Unicode)

အပိုင်း (7)

ဖေးယွီသည် ကျောက်စိမ်းတောင်တော်တွင် နှစ်ပေါင်း သုံးသောင်း ကြာပြီးသည့် နောက်၌ ကောင်းကင်နန်းတော်ကို ပြန်လာနိုင်ခဲ့ပြီဖြစ်သည်။

ကျောက်စိမ်းတောင်တော်တွင် ပညာသင်နေခဲ့သည့် နှစ်များအတွင်း ကောင်းကင်နန်းတော်ဆီမှ အကူအညီ တောင်းခံလွှာကြောင့် ဆရာက သူ့အား ကောင်းကင်နန်းတော်၏ လက်အောက်ခံဖြစ်သော နေမင်းကျွန်းစွယ်သို့ စေလွှတ်ကာ စစ်သည်တော်ငါးသိန်းအား ကွပ်ကဲစေသည်။ ဆရာ့၏ အကြံဉာဏ်၊ အကူအညီပေးမှုများ နှင့် သင်ကြားပြသပေးမှုတို့ကြောင့် ကောင်းကင်စစ်သည်တော်တို့အား စနစ်တကျ ဦးစီးလာနိုင်ခဲ့ပြီး ယခင်ကထက်ပို၍ တိုက်ရည်ခိုက်ရည်ရှိ၍ ကျွမ်းကျင်သော ကောင်းကင်စစ်တပ်ကို ထူထောင်လာနိုင်ခဲ့သည်။ နေမင်းကျွန်းစွယ်သို့ ရောက်၍ နှစ်ပေါင်း ၅ထောင်မျှ ကြာသောအခါ သူ၏ ထူးချွန်ပြောင်မြောက်လှသော စစ်ရေးဗျူဟာများနှင့် အုပ်ချုပ်ရေးနည်းစနစ်များကြောင့် စစ်နတ်ဘုရားတစ်ပါးအဖြစ် ရာထူးတိုးမြှင့်ပေးခြင်း ခံရသည်။

သို့သော် ဤနှစ်သုံးသောင်းမျှသော အချိန်အတွင်း သူသည် ချယ်ရီပန်းတောင်ကြားဆီသို့ ခြေဦးမလှည့်ဖြစ်ခဲ့ပေ။ ကျောက်စိမ်းတောင်တော်ရှိ နှစ်နှစ်သောင်းခွဲသည်ကား တိုက်ခိုက်ရေး၊ ကျင့်ကြံရေး သင်ခန်စားများဖြင့် ကုန်ဆုံးသွားခဲ့သလို ကျန်ရှိပါသော နှစ်ပေါင်း ငါးထောင်သည် နေမင်းကျွန်းစွယ်၌ စစ်ရေးလေ့ကျင့်ခြင်းတို့ဖြင့်သာ ကုန်ဆုံးခဲ့၏။ နေမင်းကျွန်းစွယ်မှသည် ကောင်းကင်နန်းတော်သို့ တစ်ခါတရံ ညီလာခံတက်ရောက်ရပါသော်ငြား သူ ထိုသူရှိရာ အရပ်ဒေသအား ဝေးဝေးမှ တိမ်းရှောင်နေခဲ့မိသည်။

ယွင်ရှီးက သူ့အပေါ်မှာ ထားရှိသည့် အမြင်အား သူ လုံးဝ ပြောင်းပစ်ချင်သည်။ နောက်တစ်ခါပြန်တွေ့ကြလျှင် သူသည် ယွင်ရှီး၏ မျက်ဝန်းတွေထဲ၌ အရှိန်အဝါကြီးမားသော စစ်နတ်ဘုရားတစ်ပါးအဖြစ် မြင်တွေ့စေချင်သည်။ သူသည် ကျောက်စိမ်းတောင်ပေါ်တွင် နှစ်ပေါင်း နှစ်သောင်းခွဲမျှအထိ သည်းညည်းခံပြီးမှတော့ နေမင်းကျွန်းစွယ်တွင် ရှိနေခဲ့ပါသော နှစ်ငါးထောင်အတွင်းတွင်လည်း ထိုသူ့အား သွားမတွေ့ခဲ့ပါချေ။

Yearning For Myriad Cherry [Completed]Where stories live. Discover now