Chapter (13)

139 22 4
                                    

(Unicode)

အပိုင်း (13)

"မဖြစ်နိုင်တာ မပြောနဲ့! မင်းက နတ်ဘုရားတစ်ပါးကို မထိမဲ့မြင် ပြုနေတာပဲ"

"ကျုပ် ပြောနေတာ ရှင်းရှင်းလေး။ ကျုပ် အများကြီး မတောင်းဆိုဘူး။ မဟုတ်ရင်တော့ ကောင်းကင်ဘုံနဲ့ စစ်ဖြစ်ပွားရလိမ့်မယ်"

"ချန်ဖေးယွီ! မင်း!"

ယွင်ရှီး ညီလာခံအတွင်းသို့ လှမ်းဝင်လာလာချင်းပင် ငြင်းခုံနေကြသည့် အသံတို့က သူ့ကိုဆီးကြိုသည်။

သို့သော် ကောင်းကင်မင်းကြီးက နာမည်တစ်ခုကို ရေရွတ်လိုက်သောအခါ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးတို့ ပြောင်းပြန်စီးဆင်းသွားသလို ယွင်ရှီး ခံစားလိုက်ရ၏။

ချန်ဖေးယွီ။ ဖေးယွီတဲ့။

တကယ်ပဲ အဲဒီကလေး ပြန်လာတာလား။

ဒါပေမဲ့ တကယ်ပဲ အားဖေးသာဆိုရင် ဘာကြောင့် ကောင်းကင်ဘုံနဲ့ စစ်ပွဲအကြောင်း ပြောနေရတာလဲ။

ယွင်ရှီး အလျင်လိုသော ခြေလှမ်းတို့ဖြင့် ညီလာခံအတွင်းသို့ ဝင်ရောက်သွားလိုက်ပြီး မေးလိုက်မိသည်။

"ဘာတွေဖြစ်နေကြတာလဲ"

"အစ်ကိုတော်!"

ယွင်ရှီး ညီလာခံသဘင်၏ အလယ်တွင် မတ်တပ်ရပ်လျက် ကောင်းကင်မင်းကြီးကို လှမ်းမေးလိုက်သည်။ ကောင်းကင်မင်းကြီးက သူ့ကို အလန့်တကြား ခေါ်လိုက်ပြီး မိစ္ဆာဘုရင်ဟု ထင်ရသည့် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ပုဂ္ဂိုလ်က ကျောခိုင်းထားရာမှ လှည့်ကြည့်လာသည်။

ယွင်ရှီး အသက်ရှူသံတို့ ရပ်တန့်သွားရ၏။ ခန္ဓာကိုယ်ထဲရှိ သွေးတို့က ဆူပွက်လာသည်။ နှလုံးသားက ပြင်းထန်စွာ ခုန်လှုပ်လျက် အပြင်သို့ ထွက်ကျလာတော့မလို။ ထို့နောက် ခြောက်ကပ်နေသော လည်ချောင်းဝမှ ခပ်အက်အက်အသံ တစ်ခု ထွက်ပေါ်လာသည်။

"အားဖေး.."

အားဖေး။ ဒီကလေး တကယ်ပဲ အသက်ရှင်ခဲ့သည်။ သို့သော် ပုံပန်းသွင်ပြင်ကတော့ ယခင်နဲ့လွန်စွာ ခြားနားလျက်ရှိ၏။

ယခင်က အစိမ်းရောင်ဝတ်ရုံကိုသာ အစဉ်အမြဲဝတ်ဆင်ခဲ့တဲ့ ကလေးသည် အခုတော့ အနက်ရောင်ဝတ်ရုံနှင့် ပို၍ပင် ခန့်ညားနေ၏။ နဖူးအလယ် တည့်တည့်တွင်လည်း အနီရောင် အစက်ငယ် တစ်ခုက နေရာယူထားသည်။ ကိုယ်လုံးကိုယ်ထည်သည်ကလည်း ဟိုးယခင်က ချန်ဖေးယွီနှင့် လုံးလုံးမှ မသက်ဆိုင်တော့သလို ရှည်လျားမြင့်မားလှသည့် အရပ်သည်ကား ယွင်ရှီးထက် ခေါင်းတစ်လုံးမျှပင် ကျော်ပေမည်။

Yearning For Myriad Cherry [Completed]Where stories live. Discover now