(Unicode)
အပိုင်း (9)
"ယွင်ရှီး! ယွင်ရှီး!"
ရုတ်တရက် သူ့ကို ခေါ်သံကြောင့် ယွင်ရှီး လှည့်ကြည့်မိသည်။ ဖေးယွီက သူ့ကို ကြည့်ရင်း ပြေးလာ၏။ ယွင်ရှီး ဟိုးအရင်တစ်ချိန်က အကြောင်းများကို ပြန်လည်မြင်ယောင်လာမိသည်။ ထိုစဥ်ကလည်း ဤစစ်နတ်ဘုရား ဖြစ်လာမည့် ကလေးငယ်သည် သူ့ဆီသို့သာ ဦးတည်၍ အမြဲ ပြေးလာတတ်ခဲ့ခြင်း။
ယခု သူ ရောက်နေသည့် နေရာက ဖေးယွီ၏ လျန်ဟွားယွမ်၌ ဖြစ်သည်။ ကောင်းကင်ညီလာခံကို တက်ရောက်ရမည် ဖြစ်သော စစ်နတ်ဘုရားငယ်သည် သူ၏ နန်းဆောင်ဆီသို့ ယွင်ရှီးအား အလည်အပတ် ခေါ်ဆောင်လာခဲ့ခြင်းပင်။ ကြာပန်းနီနီလေးများ ပွင့်ဖူးနေသော ရေကန်ပေါ်တွင် တံတားငယ်လေးများနှင့် အဆောင်ငယ်လေးတွေ တည်ဆောက်ထားလေသည့် လျန်ဟွားယွမ်၏ ရှုခင်းက သိပ်ကို လှပလွန်းလေ၏။ ဤတစ်ကြိမ်နှင့် ဆိုလျှင် လျန်ဟွားယွမ်ကို သူရောက်ဖူးသည်မှာ သုံးကြိမ်မျှတော့ ရှိလေပြီ။
"အားဖေး ညီလာခံက ဘယ်လိုလဲ.."
"အဆင်မပြေဘူး"
သူ့အမေးစကား မဆုံးခင် မျက်နှာအပျက်ပျက်ဖြင့် ဖြေလာသော ဖေးယွီကြောင့် သူက သိချင်ဟန်ပေါ်သော မျက်ဝန်းတွေနှင့် ကြည့်မိသည်။ ထိုကလေးက တီးတိုးအဖြေပေးလာ၏။
"ကျွန်တော် ခင်ဗျားနဲ့ ခွဲရဦးမယ်။ မိစ္ဆာနတ်ဆိုးအချို့ သောင်းကြမ်းနေကြတယ်တဲ့"
ယွင်ရှီး ရင်ထဲတွင် နင့်ခနဲ ဖြစ်သွားရ၏။ အမှတ်မထင်စွာနှင့် သူ ပြောရခက်နေသော စကားကို ထိုကလေးက အစဖော်ပေးလာသည်။ နှလုံးသားက တွန့်ဆုတ်နေခဲ့ပါသော်ငြား သူ ပြတ်သားမှ ဖြစ်တော့မည်။ ဆရာ၏ သတိပေးချက်ကို စိတ်အလိုလိုက်၍ လစ်လျူရှုနေခဲ့မိသည်မှာလည်း အတော်ကြာပြီ မဟုတ်လား။
"ကောင်းတာပဲ"
ဖေးယွီက သူ့အား မယုံကြည်ခြင်းတို့ဖြင့် ကြည့်လာ၏။ ထို့နောက် ဆက်ပြောလာသည်။
"ယွင်ရှီး ကျွန်တော်က အခု မိစ္ဆာနယ်မြေမှာ စစ်တိုက်ဖို့ သွားရမှာလေ။ ခင်ဗျားက ကျွန်တော့်အတွက် စိတ်မပူတဲ့အပြင် ကောင်းတယ်တဲ့လား"
أنت تقرأ
Yearning For Myriad Cherry [Completed]
أدب الهواةThis Work is Feiyunxi fanfiction. Names, places and Background places are just imagination. Collaboration with @Ryeo_27 . . . . . The picture used for the work is from pinterest. I give full credit to original owner.