(Unicode)
အပိုင်း (12)
ပတ်ဝန်းကျင်တစ်ခုလုံးသည် အနက်ရောင် မိစ္ဆာအငွေ့အသက်များဖြင့် လွှမ်းခြုံကာ တိတ်ဆိတ်ငြိမ်သက်၍ နေသည်။ မိစ္ဆာဟော်နန်း ဖြစ်သော မဟူရာနန်းဆောင်အတွင်း အစောင့်၊ ရဲမက်များ အပြည့်ရှိနေကာ ကြီးမားလှသော ဆီမီးတိုင်ကြီးများဖြင့် ထွန်းညှိထားလေသည်။ နဂိုနက်မှောင်နေသော နန်းတော်တွင် မီးထွန်းလိုက်ခြင်းက လင်းစေလိုခြင်း ဖြစ်ဟန်တူသော်ငြား နီရဲရဲအရှိန်အဝါဖြင့် တောက်ပနေသည့် ဤမီးတိုင်များကပင် ကြောက်မက်ဖွယ်ရာ ခံစားချက်တစ်ခုကို ပေး၏။
မဟူရာနန်းဆောင်၏ အလယ်တွင် တစ်ကိုယ်လုံးပင် ပျောက်ကွယ်တော့မတတ် နက်မှောင်နေပါသည့် ဝတ်ရုံကို ဆင်မြန်းထားသူ တစ်ဦးရှိသည်။ ရှည်လျားလှသော အရပ်နှင့် လိုက်ဖက်အောင် ခန္ဓာကိုယ်က သန်မာတောင့်တင်း၏။ အနောက်က ကြည့်ရသည်နှင့် ကြံ့ခိုင်ကျယ်ပြန့်သော ပခုံးသားတို့ကို မြင်တွေ့နေနိုင်သည်။ အနှီမိစ္ဆာအရှင်သည် နက်မှောင်သော ပိုးထည်ဝတ်ရုံအထက်တွင် သံမဏိသံချပ်ကာအား ဝတ်ဆင်ထားပြီး တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသည့်ဟန် ရှိသည်။
မကြာမီ ငြိမ်သက်နေပါသည့် မဟူရာ နန်းဆောင်အတွင်း တဖျပ်ဖျပ်မြည်သော ခြေသံနှင့်အတူ အသံတစ်ခုက ထွက်ပေါ်လာ၏။
"မိစ္ဆာသခင် ကျွန်တော်မျိုးတို့ အသင့်ဖြစ်ပါပြီ"
သူ့နောက်မှ ထွက်ပေါ်လာသော အသံကြောင့် ချန်ဖေးယွီ လှည့်ကြည့်လိုက်သည်။ ခိုင်ကျည်ကာ ပြတ်သားသည့်ဟန်ရှိသော မေးရိုးနှင့်အတူ ခန့်ညားချောမောကာ ယောကျ်ားပီသသည့် မျက်နှာက မှိန်ပျပျအလင်းရောင်အောက်တွင်ပင် အထင်းသားပေါ်၏။ ထို့နောက် အေးစက်သော လေသံတစ်ခုက အရှိန်အဟုန်ကြီးစွာ ထွက်ပေါ်လာသည်။
"တာ့ချင်း.."
"မိစ္ဆာသခင် ထွက်ခွာတော့မလား"
"အင်း သွားကြတာပေါ့"
မဟူရာနန်းဆောင်ရှေ့တွင်ကာ ပုရွက်ဆိတ်အုံကဲ့သို့ များပြားလှသော မိစ္ဆာစစ်သည်တို့က လက်နက်ပေါင်းစုံကို ကိုင်ဆောင်လျက် စနစ်တကျဖြင့် စီတန်းနေကြ၏။ အသင့်ဖြစ်နေပြီ ဖြစ်သော မိစ္ဆာစစ်တပ်အား ကြည့်ကာ ချန်ဖေးယွီ မဲ့ပြုံးတစ်ချက် ပြုံးလိုက်မိသည်။ ထို့နောက် မိစ္ဆာသခင် ပီသစွာ ရှေ့ဆုံးမှ ဦးဆောင်၍ ကောင်းကင်နန်းတော်ဆီသို့ ဦးတည် ချီတက်ခဲ့တော့သည်။
ESTÁS LEYENDO
Yearning For Myriad Cherry [Completed]
FanficThis Work is Feiyunxi fanfiction. Names, places and Background places are just imagination. Collaboration with @Ryeo_27 . . . . . The picture used for the work is from pinterest. I give full credit to original owner.