Chapter (23)

144 14 0
                                    

(Unicode)

အပိုင်း (23)

"သခင် ကျိုးလျန်ပါ"

ဖေးယွီ စာကြည့်ဆောင်တွင် စာဖတ်နေတုန်း အပြင်မှ ကျိုးလျန်၏ အသံကြောင့် စာဖတ်လက်စ အာရုံက ပျက်သွားရသည်။

"ဘာကိစ်စလဲ"

"အပြင်မှာ ဧည့်သည်တစ်ယောက်က သခင့်ကို တွေ့ခွင့် တောင်းနေပါတယ်"

"ငါ မအားဘူးလို့ ပြောလိုက် ကျိုးလျန်။ နောက်မှ လာတွေ့လို့"

ဖေးယွီ ခပ်ပြတ်ပြတ် ဖြေလိုက်ရင်း စာထဲကို
အာရုံပြန်စိုက်လိုက်သည်။

"စိုးရွံမိပါတယ်။ ကျိုးလျန် အဲဒီလို လုပ်ဖို့ မဖြစ်နိုင်လို့ပါ။ ဧည့်သည်က ကောင်းကင်ဘုံက နတ်ဘုရားတစ်ပါးပါ"

"ဘာ!!!"

ကောင်းကင်ဘုံက။ ကောင်းကင်ဘုံက နတ်ဘုရားက ဒီကို ဘာလုပ်ဖို့ လာရတာလဲ။ ဖေးယွီ တစ်စုံတစ်ခုကို စဉ်းစားမိရင်း လက်ထဲက ပေလွှာကို ပစ်ချမိ၏။

ထို့နောက် စာကြည့်ဆောင်တံခါးကို အလောတကြီးဖွင့်ရင်း ကျိုးလျန်ကို မေးမိသည်။

"ဘယ်သူတဲ့လဲ"

"မီးနတ်ဘုရား ချန့်ဟော်......"

ဖေးယွီ ကျိုးလျန်၏ စကားကို ဆက်နားမထောင်တော့ဘဲ ဧည့်ဆောင်ဘက်ကိုသာ ခြေလှမ်းသွက်သွက် လှမ်းမိတော့သည်။

မီးနတ်ဘုရား ချန့်ဟော်။ ဦးလေးငယ်။

မဖြစ်ဘူး။ သူ လာလို့မရဘူး။ သူက ယွင်ရှီးကို လာခေါ်တာပဲ ဖြစ်မှာ။ ယွင်ရှီးကို ထည့်မပေးလိုက်နိုင်ဘူး။ အခုမှ သူနဲ့ ယွင်ရှီးက အဆင်ပြေကာစပဲ ရှိသေးတာ။

နောက်ထပ် ဘယ်သူကမှ ယွင်ရှီးကို သူ့ဘေးနားက ဆွဲထုတ်သွားဖို့ ခွင့်မပြုနိုင်ဘူး။ ယွင်ရှီးက သူနဲ့ပဲ နေရမှာ။ ယွင်ရှီးက သူ့အပိုင်။

"ဖေးယွီ.. ယွင်ရှီး ဘယ်မှာလဲ"

ခပ်သွက်သွက် လျှောက်လာသည့် သူ့ကို မြင်တော့ ဦးလေးငယ်က အပြုံးနှင့် ဆီးကြိုရင်းမေးသည်။ ဖေးယွီ တစ်ချက် ဦးညွှတ်ရင်း ပြန်မေးလိုက်၏။

"ဖေးယွီ နတ်ဘုရားချန့်ဟော်ကို ဂါရဝပြုပါတယ်။ မိစ္ဆာနန်းတော်ကို လာရောက်ရတဲ့အကြောင်းအရင်းက ဘာပါလဲ"

Yearning For Myriad Cherry [Completed]Tempat cerita menjadi hidup. Temukan sekarang