Chapter (31)

377 22 0
                                    

(Unicode)

အပိုင်း (31)

ယွင်ရှီး အဆောင်၏ သိုလှောင်ခန်းထဲတွင် မက်မွန်သေရည်အိုးများ ယူနေစဥ် နန်းတော်အတားအဆီးကို တစ်စုံတစ်ယောက်က ဖြတ်ဝင်လာသည်အား ခံစားမိသဖြင့် အလျင်အမြန်ပဲ အပြင်ကို ထွက်လာလိုက်ရသည်။ သူ့ဆီကို လာမည့်သူ ဟူ၍ ရှောင်ရိကလွဲ၍ မရှိတတ်ချေ။ သို့သော် ရှောင်ရိက ခုလေးတင်မှ ပြန်သွားခဲ့သည် မဟုတ်လား။ ဆရာကလည်း သူ့ကို တွေ့ချင်ပါက ကိုယ်တိုင် မလာဘဲ အခေါ်လွှတ်လိုက်သည်က များသည်။

ယွင်ရှီး လမ်းလျှောက်နေရင်းပင် စဥ်းစားခန်း ဖွင့်မိရ၏။ သူ့ဆီကို ဦးတည်လာသော ဧည့်သည်ဆိုလျှင်လည်း သူက မှတ်မိမည် မဟုတ်ပေ။ တကယ်ကြီးကို ခက်ခဲလှပါ၏။ မှတ်ဉာဏ်တစ်စိတ်တစ်ဒေသ ပျောက်ဆုံးသွားခြင်းက ယွင်ရှီးကို တကယ်ပဲ ခက်ခဲစေသည်။ ဆရာ့ဆီသို့ အလည်လာသော နတ်ဘုရားအချို့ကိုပင် သူ မသိ၍ ထွက်ပြီး မနှုတ်ဆက်ဖြစ်ခဲ့ပေ။ ထိုနတ်ဘုရားများက သူ့အကြောင်း ဆရာ့ထံ မေးသံကြားလျှင် ယွင်ရှီးမှာ ငိုင်ကျသွားတတ်ပြီး တစ်ခုခုအား မှတ်မိချင်ခဲ့သော်ငြားလည်း အသုံးမဝင်ခဲ့ပါချေ။

သို့သော် တစ်ခါတလေဆိုလျှင် သူကိုယ်တိုင်က မစဥ်းစားသော်လည်း တစ်ချို့ မှတ်ဉာဏ်တွေက တစ်ပိုင်းတစ်စ ပြန်ပေါ်လာတတ်သည်။ မက်မွန်ပင်တွေအောက်၌ တစ်ယောက်တည်း ဗျပ်စောင်းတီးနေသည့် အချိန်မျိုးဆိုလျှင် တကယ်မရှိသည့် ပလွေသံချိုချိုကို ကြားယောင်မိရင်း လွမ်းမိသည်မျိုး။ ဒါပေမဲ့ သူ ဘယ်သူ့ကို လွမ်းမိမှန်းလည်း ယွင်ရှီး ကိုယ်တိုင်ပင် မသိပြန်ပေ။

တစ်ခါတစ်ခါ နားနေဆောင်ထဲ၌ ထိုင်ကာ ရေနွေးသောက်နေရင်း "ယွင်ရှီး" ဟူသော ခေါ်သံကို ကြားကာ ယောင်ယမ်းမော့ကြည့်၍ တကယ် မရှိပါသည့် အသံပိုင်ရှင်ကို လိုက်ရှာမိသည်မျိုး။ ထိုအသံသြသြလေးက ပျော်ရွှင်မှုများ ရောစွက်နေကာ ယွင်ရှီးကို စိတ်လှုပ်ရှားစေ၏။ ထိုအခါမျိုး၌ အစိမ်းနုရောင် ပိုးသားဝတ်ရုံနှင့် သူ့ကို ကျောခိုင်းထားတတ်သော ပုံရိပ်တစ်ခုကို ယွင်ရှီး မြင်ကွင်းထဲတွင် မြင်ယောင်လာတတ်သည်။ ထိုကျောပြင်လေးက သူ့ထံ လှည့်ကြည့်ရန် ဟန်ပြင်ပြီးလျှင် ဖြတ်ခနဲ ​ပျောက်သွားတတ်ပြန်၏။ ထိုအခါမျိုး၌ ယွင်ရှီးမှာ မည်သည်ကို လုပ်ရမည်မှန်းမသိ တစ်ယောက်တည်း အားမလို အားမရဖြစ်၍သာ ကျန်ခဲ့ရသည်။

Yearning For Myriad Cherry [Completed]Tempat cerita menjadi hidup. Temukan sekarang