Chapter (18)

152 22 1
                                    

(Unicode)

အပိုင်း (18)

လူသားမိန်းမပျိုက အံ့သြကာ တိတ်ဆိတ်သွားရင်းမှ နားလည်သွားသည့် ဟန်ဖြင့် ပြုံးလျက်နှင့် ဆိုသည်။

"ခွင့်လွှတ်ပါနော် သခင်လေး။ ယွဲ့အာ မသိလို့ပါ။သခင်လေးတို့ နှစ်ယောက်က တော်တော်လိုက်ဖက်တာပဲ"

ထိုအချိန်အထိ ယွင်ရှီး ဘာပြန်ပြောရမှန်း မသိဘဲ မတ်တပ်ရပ်နေမိ၏။ အားဖေးက သူ့လက်ကို ဆွဲရင်း လူအုပ်ကြားမှ ခေါ်ထုတ်လာလေသည်။

"ဆရာတူအစ်ကို..."

ယွင်ရှီး၏ လက်ကို ဆွဲရင်း လမ်းလျှောက်နေရာက တစ်နေရာအရောက်တွင် ဖေးယွီက ရပ်လိုက်ပြီး လက်အစုံကို လွှတ်ပေးလိုက်သည်။ ယွင်ရှီးက သူ့ကို တွေဝေနေသော မျက်ဝန်းတို့ဖြင့် မော့ကြည့်လာ၏။

သေချာပေါက် ယွင်ရှီးမှာ သူ့အတွက် မေးခွန်းတွေ ရှိနေမှာပဲ။ ဖေးယွီ ကောင်းကောင်း နားလည်ပါသည်။

"ဆရာတူအစ်ကို ... ငါ ခုနက... ပြောလိုက်တဲ့ စကားက..."

"အားဖေး ငါ.. မကြားလိုက်ဘူးလို့ပဲ မှတ်လိုက်ပါ့မယ်။ မင်းကလည်း အခက်အခဲကို ဖြေရှင်းဖို့ ပြောလိုက်ရတာပဲ။ ငါ နားလည်ပါတယ်"

ယွင်ရှီးက ဖေးယွီ၏ စကားကို ဖြတ်ပြောလိုက်ပြီး မျက်နှာလွှဲရင်း တခြားတစ်နေရာသို့ လျှောက်သွား၏။

ဖေးယွီ ပြုံးလိုက်မိသည် ထင်သည်။ အရင်အချိန်တွေတုံးကလိုပဲ ထိုသူက သူ့ခံစားချက်ကို မသိချင်ယောင်ဆောင်ပြန်ပြီ။ သို့သော် ဒီတစ်ခါတော့ သူ ခွင့်မပြုပေးနိုင်တော့။

"စစ်ပွဲက.. ပြီးသွားခဲ့တာလား"

ကျောပြင်ငယ်ကို ငေးကြည့်ရင်း ထိုသူ၏ ခြေလှမ်းတွေ နောက်သို့ တိတ်တဆိတ်လိုက်နေရာမှ သူနှင့် ပတ်သတ်သည့် အကြောင်းအရာတို့ကို မမေးစဖူး မေးလာသည့်သူကြောင့် ဖေးယွီ  ကျေကျေနပ်နပ် ပြုံးလိုက်မိသည်။

"ဟင့်အင်း.. အဓိကပုန်ကန်ချင်တဲ့သူကို ချေမှုန်းပြီးပေမဲ့ ဆောင်ရွက်ရမှာလေးတွေ ရှိသေးတယ်.. ဒါပေမဲ့.. ငါ.. မင်းကို လွမ်းလို့"

"....."

မထင်မှတ်ထားသော စကားတွင် ယွင်ရှီး ထပ်မံ၍ တိတ်ဆိတ်သွားရသည်။ နှလုံးသားက ထိုသူ့နှုတ်ဖျားမှ လွမ်းသည်ဟူသော စကားလေးနှင့်တင် တဒုတ်ဒုတ် ခုန်လာ၏။ တကယ်တော့ ၃ လ ဆိုတာ သူတို့သက်တမ်းနှင့် နှိုင်းယှဥ်လျှင် စာပင်ဖွဲ့လောက်သည့် အချိန်ကာလလည်း မဟုတ်ချေ။ သို့ပေမဲ့ ထိုကလေးက သူ့ကို လွမ်းသည်တဲ့။

Yearning For Myriad Cherry [Completed]Donde viven las historias. Descúbrelo ahora