Chapter (14)

144 20 11
                                    

(Unicode)

အပိုင်း (14)

"အားဖေး.. မင်း ဘာဖြစ်ချင်တာလဲ"

ယွင်ရှီး အားဖေး၏ မျက်ဝန်းတွေထဲကို စူးစူးစိုက်စိုက်ကြည့်ရင်း မေးလိုက်သည်။ ခါးတစ်ဝိုက်မှ လက်ကို နောက်ပြန် တွန်းရင်း ရုန်းထွက်ဖို့ ကြိုးစားသော်ငြား အတင်းပြန်ဆွဲကပ်လာသည့် သူကြောင့် လူက မော့မော့လေး ဖြစ်သွားရ၏။ မဟုတ်သေး။ ကြာခဲ့သော နှစ်ပေါင်းများစွာတွင် ဖေးယွီ၏ သန်စွမ်းမှုနှင့် သိဒ္ဓိစွမ်းအင်တို့က ခန့်မှန်းလို့မရအောင် တိုးတက်လာခဲ့ခြင်းပေလော။ သို့မဟုတ် သူ ကိုယ်တိုင်ကပဲ ရုန်းမထွက်နိုင်လောက်အောင်ထိ အသုံးမကျ ဖြစ်သွားခဲ့ခြင်းပေလော။

ဖေးယွီက မျက်မှောင်ကြုတ်နေသော မျက်ခုံးတန်းတန်းလေးများအား ကြည့်၍ ခပ်ထေ့ထေ့ ပြုံးလာရင်း ယွင်ရှီး ခေါင်းပေါ်က ကျောက်စိမ်းဆံထိုးကို ဆွဲဖြုတ်လိုက်၏။ ဆံပင်တို့က ကျောပြင်ပေါ်သို့ ကပိုကရို ပြေကျလာကြသည်။

"ချန်ဖေးယွီ!"

"ရှူး...."

ဖေးယွီက ယွင်ရှီး နှုတ်ခမ်းပေါ်ကို သူ့လက်နှင့် ခပ်ဖွဖွ ထိလိုက်ပြီး မျက်လုံးပေါ်၌ အုပ်နေသော ဆံနွယ်ရှည်တို့ကို နားနောက်သို့ လျှိုသွင်းပေးလာ၏။ ထို့နောက် ခပ်တိုးတိုး ပြောလာသည်။

"မင်း ဘာလို့ ဒီလောက်တောင် လှရတာလဲ"

ယွင်ရှီး ခါးကို ဖက်ထားသည့် အားဖေး၏ လက်တို့ကို ဖြုတ်ချလိုက်သည်။ သို့သော် အားဖေးက ပြန်လည်ဖက်တွယ်လာပြီး တင်းကျပ်စွာ ချုပ်နှောင်လာပြန်သည်။

"လှလို့ လှတယ် ပြောတာလေ။ ဘာတွေ စိတ်တိုနေတာလဲ။ အတည်ပြောတာ။ ငါနဲ့ အိပ်ဖူးတဲ့ အပျော်မယ်တွေတောင် မင်းလောက် မလှဘူး"

ဒေါသနှင့် ရှက်ခြင်းတရားကြောင့် ယွင်ရှီး နှုတ်ခမ်းတို့ တုန်ယင်လာပြီး မျက်ဝန်းအစုံ၌ အရည်ကြည်တို့ ဝေ့သီလာကြ၏။

"ချန်ဖေးယွီ! မင်း ငါ့ကို စော်ကားတာ များလွန်းပြီ။ ငါက မင်းရဲ့မိစ္တာနယ်မြေက အပျော်မယ်တစ်ယောက် မဟုတ်ဘူး"

"အဟက်.. ဟား..ဟား..ဟား..ဟား.."

ရေချိုးဆောင်တစ်ခုလုံး ဖေးယွီ၏ ရယ်သံတို့ဖြင့် ပဲ့တင်ထပ်သွားသည်။ ထို့နောက် ထိုသူက ယွင်ရှီးကို လွှတ်ပေးလိုက်ပြီး သစ်သားစည်ထဲသို့ ဝင်ထိုင်လိုက်သည်။

Yearning For Myriad Cherry [Completed]Donde viven las historias. Descúbrelo ahora