ခရီးရှည်ကြီးကို ဒီနေ့မှာပဲ စတင်လိုက်ပါတယ်....
လွန်ခဲ့တဲ့ ၃နှစ်ကတည်းက ခေါင်းထဲရောက်ခဲ့တဲ့ Plotလေးကို ဇာတ်လမ်းတစ်ခုအဖြစ် အသက်သွင်းဖို့ ယူခဲ့တဲ့အချိန်တွေဟာတကယ်ကိုအများကြီးပါ။
အချိန်တွေကြာလေလေ ပြောင်းလာတဲ့plotတွေကြောင့် တကယ်ကိုပဲ ရေးဖို့ဒုက္ခရောက်ခဲ့ရတာ။
ပထမဆုံး...
Kira
Thai bl series(cutie pie)ထဲက ကိုယ်သဘောအကျဆုံး uke characterဖြစ်တဲ့ ကူရာကီရာတီမှ ကီရာ(Kira)ကိုယူသုံးထားတာပါ။ကူရာကီရာတီဆိုတဲ့နာမည်ကို ဖန်တီးထားတဲ့ မူရင်းauthorအား creaditအပြည့်ပေးပါရစေ။
ဇာတ်လမ်းလေးက သုံးပွင့်ဆိုင်ဖြစ်လာမှာဖြစ်တဲ့အတွက် story coverမှာတင် ဇာတ်လမ်းကိုထင်ပေါ်စေဖို့ ggကနေ အသင့်တော်ဆုံးဖြစ်မယ့်ပုံကို ရှာဖွေယူသုံးထားကြောင်း ရိုးသားစွာ ဝန်ခံပါရစေ...
ဤအချက်များမှလွဲ၍ ကျန်သည့် ဇာတ်ကောင်၊နေရာဒေသနှင့် ဖန်တီးမှုအလုံးစုံတို့သည် စာရေးသူ၏ စိတ်ကူးစိတ်သန်းသာဖြစ်ပါတယ်ရှင်..🤎
A/N - ' 'နှင့် * ကို ဇာတ်ကောင်တွေတစ်ခုခုတွေးတောတဲ့အခါမှာ သုံးမှာဖြစ်ပြီး " "ကိုတော့ စကားပြောဆိုတဲ့နေရာမှာသုံးပေးမှာပါ။
ဇာတ်ကောင်မိတ်ဆက်...
Demo[ဒီမို] (Seme)
Kira[ကီရာ] (Seme)
သိုင်းဘုန်းရှိန်ခန့် (Seme)
မြူရှင်းကိုကို (Uke)
ခမ်းညား (Uke)
Main charactersငါးဦးအပြင် ကျန်တဲ့ဇာတ်ကောင်တွေဟာလည်း အလျဥ်းသင့်ရင်သင့်သလိုပါသွားဦးမှာပါ။ပထမဆုံးရေးသားခြင်းဖြစ်တာမို့ စာဖတ်ရတာထောက်နေတာ ဇာတ်လမ်းသဘောနားမလည်တာမျိုးရှိခဲ့ရင်လည်း စာရေးသူရဲ့လိုအပ်ချက်ဖြစ်တာမို့ အပြုသဘောဆောင်ဝေဖန်ချက်များကို အချိန်မရွေးကြိုဆိုပါတယ်ရှင်။
စာရှည်သွားပါတယ်။ကိုယ်ကိုယ်တိုင်ကလည်း စာဖတ်ရင်း Author noteတွေပါလာရင်သဘောမကျတဲ့သူမို့ အပိုင်းတိုင်းမှာ မဖြစ်မနေကလွဲရင် A/N ထည့်ဖြစ်မှာမဟုတ်လို့ပါ။
Thanks for reading🤎
Love you all💙
ESTÁS LEYENDO
CLOVER
No FicciónLove between 3 boys (Not 3 some)...... အချစ်လို့မသိသေးတဲ့အချိန်တစ်ခုက အချစ်ရယ်.... အချစ်ဆိုတာသိနားလည်တဲ့အရွယ်မှာ ပေါ်လာခဲ့တဲ့ အချစ်တစ်ခုရယ်... ချစ်ခြင်းနှစ်ခုကို ဖြစ်ပေါ်စေခဲ့တဲ့ ကိုယ်ရယ်... ဘာကိုရွေးချယ်ပြီး ဘာကိုစွန့်လွှတ်ဖို့သင့်မလဲဆိုတဲ့ မရေရာသေ...