Unicode versionတနင်္ဂနွေနေ့....
အခုထိရောက်မလာကြသေးတဲ့ ခွေးပေါက်နှစ်ကောာင်ကို ကစားကွင်းရှေ့မှာရပ်စောင့်နေတဲ့ သိုင်းဘုန်းစိတ်မရှည်တော့....အခမ်းအကြောင်းကိုသိနေလို့ နောက်ကျမှထွက်လာတာတောင် သူတို့က နောက်ကျဖြစ်အောင် နောက်ကျနေသေးသည်။
ဘေးမှာရပ်နေတဲ့ Kiraကိုကြည့်လိုက်တော့ လည်ပင်းထဲတစ်ခုခုတစ်နေသလိုမျိုး နင်သွားရသည်။စီးလာတဲ့ Boot အဖြူလေးကိုမှအားမနာ။မြေကြီးပေါ်မှ ကျောက်ခဲတွေကိုလှိမ့်ကန်ရင်း သိုင်းဘုန်းကို ဘယ်အချိန်ကတည်းက မျက်လုံးလှန်ပြီး ဂျိုကြည့်ကြည့်နေတယ်မသိ။နောက်ကျောတစ်ခုလုံးစိမ့်နေသလိုခံစားလိုက်ရ၍ သွားသုံးဆယ့်နှစ်ချောင်းလုံးဖြီးနေအောင်သာ ပြုံးပြလိုက်ရသည်။
ထို့နောက် စောနကအတိုင်း အခမ်းတို့လာမယ့်ဘက်ကို ခေါင်းပြန်စောင်းလိုက်တော့
"ဟော...လာပါပြီ ဖေ့ကလေးလေး အခမ်း"
Kiraနဲ့ သိုင်းဘုန်းတို့ရဲ့ အာရုံနှစ်ခုလုံးဟာ ကားပေါ်ကဆင်းလာတဲ့ ကောင်လေးနှစ်ယောက်ဆီကို ရောက်သွားကြသည်။
သိုင်းဘုန်းက ခမ်းညားကို ဘုကြည့်ကြည့်ပြီး လက်သီးထောင်ပြနေပေမယ့် Kiraရဲ့အာရုံအလုံးစုံကတော့ ခမ်းညားဘေးက မုန်ညင်းထုပ်လေးဆီမှာဖြစ်သည်။
ဖြူဖွေးဥဖက်နေတဲ့ အသားအရည်ကို ပိုင်ထားတဲ့ကောင်လေးက အစိမ်းနုရောင် တီရှပ်နဲ့ အဖြူရောင် jean pantလေးကို ဝတ်ထားတော့ လုံးဝကို အဖြူအစိမ်းရောနေတဲ့ မုန်ညင်းထုပ်လေးအတိုင်းပဲဖြစ်သည်။ပုံမှန်နဲ့မတူပဲ ဆံပင်အိအိလေးတွေကို ရှေ့မှာချထားတာကြောင့် မြူရှင်းကိုကိုဟာ ချစ်စရာကောင်းချင်တိုင်းကောင်းနေပါတော့သည်။
5ပေ8လက်မခန့်အရပ်နှင့် ကောင်လေးမှာ သွယ်လျကာ လှပသော ခြေတံရှည်များရှိပြီး ဒူးဖုံးရုံ Pantကို ဝတ်ဆင်လာတာကြောင့် ခြေသလုံးလေးတွေပေါ်မှ အကြောစိမ်းစိမ်းလေးများကို အဝေးမှပင်မြင်နေရ၏။
"ချစ်စရာလေးမလား"
"အင်း"
"ဒါပေါ့...တစ်လောကလုံးမှာ ငါ့အခမ်းလေးက ချစ်ဖို့အကောင်းဆုံးပဲ"

ESTÁS LEYENDO
CLOVER
No FicciónLove between 3 boys (Not 3 some)...... အချစ်လို့မသိသေးတဲ့အချိန်တစ်ခုက အချစ်ရယ်.... အချစ်ဆိုတာသိနားလည်တဲ့အရွယ်မှာ ပေါ်လာခဲ့တဲ့ အချစ်တစ်ခုရယ်... ချစ်ခြင်းနှစ်ခုကို ဖြစ်ပေါ်စေခဲ့တဲ့ ကိုယ်ရယ်... ဘာကိုရွေးချယ်ပြီး ဘာကိုစွန့်လွှတ်ဖို့သင့်မလဲဆိုတဲ့ မရေရာသေ...