Unicode version
ခေါင်းလောင်းသံကြားပြီးပြီးချင်း ပြေးလာခဲ့တာတောင် ကျောင်းမုန့်စျေးတန်းက ကျပ်သိပ်နေပြီဖြစ်သည်။သို့သော်ငြားလည်း စည်းကမ်းရှိတဲ့ကျောင်းဖြစ်တာမို့ အုန်းအုန်းကြွက်ကြွက်ဆူညံမနေ။ ကျောင်းသူကျောင်းသားတွေအကုန်လုံးက သူတို့ဝယ်မယ့်မုန့်ဆိုင်ရှေ့တွေမှာပဲ နှစ်ယောက်တန်းကျ စီတန်းနေကြခြင်းဖြစ်သည်။
Demoလည်း သူလိုချင်တဲ့ကွတ်ကီးရောင်းတဲ့ မုန့်ဆိုင်ခန်းလေးရှေ့ကို ကြည့်လိုက်တော့ အမောတောင်ဆို့သွားသလိုလို။
*ဒီတိုင်းဆို လူတန်းကြီးက မြို့ပြင်တောင်ရောက်သွားတော့မှာ မဟုတ်ဘူးလား??
စိတ်ရှည်တယ်ဆိုတဲ့ စကားလုံးနဲ့ မွေးလာကတည်းက ရန်ဖြစ်ထားပါသော Demoဟာ အခုတော့ နဂိုလက်တဆစ်သာရှိတဲ့ စိတ်ကို တံတောင်ဆစ်လောက်ထိရောက်အောင် ဆွဲဆန့်ပြီးမှ မုန့်ဆိုင်ရှေ့ကလူတန်းကြီးရဲ့ ဟိုးနောက်ဆုံးမှာသွားပြီး နေရာယူလိုက်လေရဲ့။
နေကသူ့ခေါင်းပေါ်ရောက်နေတဲ့အလားပူကျစ်နေတာမို့ မုန့်ဆိုင်ရဲ့ အရိပ်အောက်ရောက်နေတဲ့သူတွေကို မျက်စောင်းနဲ့နာနာထိုးပစ်လိုက်သည်။Demoရဲ့မျက်စောင်းတွေသာ ဓားသွားတွေဆိုပါက ဆိုင်တန်းတွေရှေ့က မြက်ပင်တွေအကုန် ရိတ်ပြီးသားပင်ဖြစ်နေရော့မည် ಥ_ಥ
၁၀မိနစ်ခန့်အချိန်ကုန်ဆုံးအပြီးမှာတော့ Demoရဲ့ရှေ့မှာလည်း လူတွေနည်းလာသည့်နည်းတူ သူ့နောက်မှာလည်း လူတွေများလာပြီဖြစ်၏။
*okay okay ဟူးဟူး...ဝင်လေ ထွက်လေ ဝင်လေ ထွက်လေ....ရောက်တော့မှာ ရောက်တော့မှာ ဆိုင်ရှေ့ကို ရောက်တော့မှာ ဝင်လေ ထွက်လေ ထွက်လေ အသက်တွေ ထွက်လေ....ဟူးဟူး
ရုတ်တရက်....
"အယ် အယ် လုပ်ကြပါဦးဟ!!"
"မေဇင် မေဇင်!!ဟဲ့ ထူကြပါဦး"
"ဆရာမသွားခေါ်!!"
"ဆေးပေးခန်းကို သွားရမှာပေါ့!!"
ကပေါက်တိကပေါက်ချာဆူညံသံတွေကြောင့် ဘာဖြစ်နေတာလဲသိချင်လာတာမို့ လူအုပ်ကြားထဲကိုသွားကြည့်လိုက်တော့ မြင့်မားနေတဲ့ မိမိရဲ့အရပ်ကြောင့် အတွင်းထဲထိတောင် တိုးမသွားရပါပဲ အပေါ်ဆီးကနေ လှမ်းမြင်လိုက်ရသည်။
YOU ARE READING
CLOVER
Non-FictionLove between 3 boys (Not 3 some)...... အချစ်လို့မသိသေးတဲ့အချိန်တစ်ခုက အချစ်ရယ်.... အချစ်ဆိုတာသိနားလည်တဲ့အရွယ်မှာ ပေါ်လာခဲ့တဲ့ အချစ်တစ်ခုရယ်... ချစ်ခြင်းနှစ်ခုကို ဖြစ်ပေါ်စေခဲ့တဲ့ ကိုယ်ရယ်... ဘာကိုရွေးချယ်ပြီး ဘာကိုစွန့်လွှတ်ဖို့သင့်မလဲဆိုတဲ့ မရေရာသေ...