Unicode Version
Flash back!!!
မြူရှင်းကိုကိုနှင့်ခမ်းညားတို့ထွက်သွားပြီး အတန်ကြာသည်အထိ ကန်တင်းမှာ Kiraတို့ရှိနေဆဲဖြစ်သည်။Kiraနဲ့ သိုင်းဘုန်းတို့ အကြောင်းအရာတစ်ခုကို အခြေအတင်ပြောနေတုန်းရှိသေး ဘေးနားခုံဝိုင်းဆီမှ ရုတ်ရုတ်ရုတ်ရုတ် ပြောသံတွေကို နားစွင့်ကြည့်တော့...
"Section Bက ကျောင်းသားသစ်တွေတော့ သေတာပဲကွ။အားကစားချိန်မှာ တစ်ချို့ကျောင်းသားတွေက sport uniformဝတ်မလာလို့ နည်းပြကြီးဒေါပွနေတာတဲ့ကွာ။ဘယ်လောက်ကြောက်ဖို့ကောင်းနေမယ်ဆိုတာ ငါတော့တွေးကြည့်ပြီး မြင်ယောင်နေပါပြီ"
"ဒီနှစ်မှကျောင်းပြောင်းလာတဲ့ကောင်တွေ ဦးကျိုးတာပေါ့။နည်းပြကြီးက ကျောင်းသားသစ်တွေဆိုရင် အပိုးကျိုးအောင် ပိုဖိတတ်တာ။ငါပြောင်းလာခါစကဆို သူ့ကိုမြင်ရင်ကို ခြေတွေလက်တွေတုန်နေပြီ"
"ဟ!!!ဟေ့ရောင်တွေ ဒီမှာ ဒီမှာ Groupထဲမှာခုပဲတင်လိုက်တာ။မိန်းကလေးသုံးယောက် မူးလဲပြီး ကောင်လေးတစ်ယောက်ပါပါတယ်တဲ့။ကောင်လေးကဖြူဖြူသေးသေးလေးကွ။နည်းပြကြီး စိတ်ဆိုးလို့အပြစ်ပေးရင် တော်ရုံကျောင်းသား အပင်ပန်းခံနိုင်ရိုးလား။ပိန်ပိန်သေးသေးလေးပဲကို ကျွတ်!! "
ဖြူဖြူသေးသေး!!
မဟုတ်မှ.....
Kiraစိတ်ထဲ ဗြောင်းဆန်သွားရသည်။စားပွဲကိုလက်ထောက်ပြီး ဝုန်းခနဲထရပ်တော့ သိုင်းဘုန်းပါလန့်သွား၏။
"သိုင်းဘုန်း!!မင်းဒါတွေ ရှင်းပေးပါဦး။ငါတစ်နေရာကို သွားကြည့်စရာရှိလို့"
ထိုစကားကိုတောင် ပြေးနေရင်းအော်ပြောကာ အလောတကြီးထွက်သွားတဲ့ Kira။
"ကျစ် ချက်ချင်းကြီး ဘာထဖြစ်တာလဲ???"
<<<<<<<<<<<<<<>>>>>>>>>>>>>>>>
အားကစားကွင်းကိုသွားနေတဲ့လမ်းတစ်လျှောက် ပြာပန်းခတ်နေတဲ့ Kiraရဲ့ပုံစံကို လမ်းမှာတွေ့တဲ့သူတိုင်းက ကြည့်သွားကြတာမို့ Kiraလည်း စိတ်ကိုထိန်းကာ ခပ်အေးအေးလျှောက်လာပေမယ့် ခြေလှမ်းတွေက ပုံမှန်ထက်မြန်နေတာကို Kiraကိုယ်တိုင်ပင် သတိထားမိလိမ့်မည်မဟုတ်။
BẠN ĐANG ĐỌC
CLOVER
Phi Hư CấuLove between 3 boys (Not 3 some)...... အချစ်လို့မသိသေးတဲ့အချိန်တစ်ခုက အချစ်ရယ်.... အချစ်ဆိုတာသိနားလည်တဲ့အရွယ်မှာ ပေါ်လာခဲ့တဲ့ အချစ်တစ်ခုရယ်... ချစ်ခြင်းနှစ်ခုကို ဖြစ်ပေါ်စေခဲ့တဲ့ ကိုယ်ရယ်... ဘာကိုရွေးချယ်ပြီး ဘာကိုစွန့်လွှတ်ဖို့သင့်မလဲဆိုတဲ့ မရေရာသေ...