မိန်းမရဲသခင်မတောင်တော် သမိုင်းကြောင်း

121 15 8
                                    

     Unicode version

Part-18မှာ အစ်မထည့်ရေးထားတဲ့ မိန်းမရဲသခင်မတောင်ရဲ့ သမိုင်းအကြောင်းကို သိချင်တဲ့သူတွေရှိရင် ဒီမှာဖတ်လို့ရပါတယ်နော်။Partတစ်ခုလုံးက မိန်းမရဲတောင်ရဲ့သမိုင်းကြောင်းကို အစ်မလေ့လာထားသလောက် ပြန်ပြီးမျှဝေပေးခြင်းဖြစ်ပါတယ်။

////////////////////////////

မိန်းမရဲတောင်တော်မြတ်ကို အပိုင်စားရထားတဲ့ မိန်းကလေးရဲ့ အသက်ရှိစဥ် အမည်နာမက နန်းဧကရီမွှေးတဲ့။

ဘုရင့်သမီးတော်တစ်ဦးဖြစ်တဲ့ နန်းဧကရီမွှေးဟာ အညတရရွာသားတစ်ဦးဖြစ်တဲ့ ကုမ္မာရနဲ့ ချစ်ခင်စုံမက်နေတဲ့အကြောင်းဟာ နန်းဧကရီရဲ့ဖခင်ဖြစ်သော ရှင်ဘုရင်နားတော် ပေါက်ကြားလေတော့ ရှင်ဘုရင်က ဒေါသအမျက်ချောင်းချောင်းထွက်ပြီး ကုမ္မာရလိုလူဟာ အနူလက်နဲ့ရွှေခွက်နှိုက်ချင်တယ်ဆိုပြီး သေမိန့်ချလေတော့၏။

ဒီသတင်းကို နန်းဧကရီမွှေးလေးကြားတော့ ရင်တွေပူပြီး နေမထိထိုင်မသာဖြစ်ရကာ စည်းစိမ်တွေကိုစွန့်၊မင်းသမီးတစ်ပါးဆိုတဲ့ ဂုဏ်ပုဒ်တွေကိုခွာခဲ့ပြီး ကုမ္မာရရဲ့လက်ကိုဆွဲပြီး နန်းတော်နဲ့ဝေးရာကိုပြေးလေတော့သည်။

ဒီလိုနဲ့ပဲ အခုလက်ရှိမိန်းမရဲတောင်တော်ရှိရာရဲ့ အရှေ့ဘက်အရပ်မှာရှိတဲ့ ကင်းတောင်ဆိုတဲ့နေရာကိုဖြတ်လေတော့ ဖြတ်သန်းခအခွန်တော်ကို ကောက်ခံလေတယ်တဲ့။

ပေးစရာငွေစ တစ်ပြားတစ်ချပ်မှမရှိလေတဲ့ ကုမ္မာရလည်း အခွန်တော်မဆောင်ရင် သင့်မယ့် မင်းပြစ်မင်းဒဏ်ကို တွေးကြောက်ပြီး သူ့ကိုယုံကြည်ကာပုံအောပြီး အလုံးစုံစွန့်လွှတ်ခဲ့တဲ့ နန်းဧကရီမွှေးရဲ့ မျက်နှာကိုမှမထောက် ချစ်သူကိုတစ်ကိုယ်တည်း ပစ်ထားခဲ့ပြီး သူ့ရွာရှိရာကို ပြန်ပြီးထွက်ပြေးခဲ့လေတော့သည်။

တစ်သက်နဲ့တစ်ကိုယ် ဘုရာင့်သမီးတော်လေးအဖြစ်နေလာခဲ့ရတဲ့နန်းဧကရီမွှေးအတွက် အပြင်လောကဝယ်လည်း ဘယ်သူ့ကိုအားကိုးအားထားပြုမယ်မှန်းမသိ၊နန်းတော်ကိုပြန်ရအောင်ကလည်း ဖခမည်းတော်ကိုတွေးကြောက်ရပြန်ပြီး မျက်စိသူငယ်နားသူငယ်ဖြစ်၍ကျန်ခဲ့ရကာ အမြင့်ပေ၆၀၀ကျော်မြင့်မားသော မတ်စောက်တဲ့ကျောက်နံရံတွေနဲ့တောင်ကို ကုပ်တွယ်တက်ပြီး အနက်ပေ၆၀ကျော်တဲ့ ရေဝဲကြီးထဲကို ခုန်ချသွားလေတော့၏။

CLOVER Nơi câu chuyện tồn tại. Hãy khám phá bây giờ