Part-15

171 18 2
                                    

    Unicode version

"ဒါက မေမေစောင့်ရှောက်လာခဲ့တဲ့ သားပါပဲ မေမေ။မေမေပျိုးထောင်ခဲ့တဲ့ ပုံစံအတိုင်းပါပဲ"

ထိုစကားကို ကြားလိုက်ရတဲ့တစ်ခဏ ဒေါ်နန်းမူရာမြိုင်၏ ကမ္ဘာကြီး တိမ်းစောင်းသွားသကဲ့သို့ ခံစားရ၏။အနည်းငယ်မူးဝေလာပြီး မထိန်းနိုင်စွာနဲ့ သူမခန္ဓာကိုယ်တစ်ချက်ယိုင်သွားတာကြောင့် စားပွဲခုံစွန်းကို လက်တစ်ဖက်ထောက်ကိုင်မိလိုက်သည်။

တိမ်တွေပြိုသလိုပင်.....

မိခင်ရဲ့ပုံစံကြောင့် KIRA စိတ်ပူပန်စွာနဲ့ ထိန်းကိုင်ရန်လက်လှမ်းလိုက်မိ၏။ထိုအခါ အဆင်ပြေဟန်လက်လှမ်းပြပြီး ပြုံးပြလာသော မိခင်ကိုလည်း KIRAအားနာမိရသည်။

ဘယ်လိုပဲဖြစ်ဖြစ် မေမေဟာ မေမေပဲမဟုတ်ပါလား။စိတ်လှုပ်ရှားစွာနဲ့ ဒေါသထွက်မိတာကြောင့် တစ်သက်လုံးလေသံမာမာမပြောဖူးခဲ့တဲ့ မိခင်အား သူကိုယ်တိုင်က နာကျင်စေမယ့် စကားလုံးတွေပြောခဲ့မိတာမဟုတ်ပါလား။ဒါဟာသူ့အမှားပင်။

"အဲ့လိုဖြစ်စေခဲ့တာလား ဟင် သားလေး...
မေမေက သားကိုအကောင်းဆုံးဖြစ်စေချင်ခဲ့လို့ မေမေပြုမူခဲ့တဲ့ ပုံစံတွေက သားကိုစိတ်ရှုပ်စေခဲ့တာလား"

"တောင်းပန်ပါတယ်မေမေ ကျွန်တော်မပြောခဲ့သင့်ဘုး။ကျွန်တော့်အတွက် မေမေကအကောင်းဆုံးပါပဲ"

"မေမေ့သားကပြီးပြည့်စုံနေတာတောင်မှ သူ့ကိုမမီနိုင်သေးဘူးလေ။မေမေက အကောင်းဆုံးဖြစ်စေချင်တာ။မေမေကသားရဲ့အရာအားလုံးကို သူ့ထက် အသာစီးရစေချင်ခဲ့တာ။ဒါ့အတွက်ပဲ မေမေ့သားကိုဖိအားတွေများစေခဲ့တယ်ထင်တယ်။ဟင် ပြောပါဦး။မေမေလွန်ခဲ့သလား သားရယ်"

ပြောရင်းနဲ့ပဲ ရင်ဘတ်ကိိုဖိပြီး မျက်ရည်ကျလာတဲ့ မိခင်ကိုကြည့်ပြီး Kiraမျက်လုံးအစုံကို တင်းတင်းကျပ်ကျပ်ပိတ်မိပြီး ထွက်ပေါ်လာမယ့် ဒေါသတွေကိုချုပ်တီးထားရသည်။

တစ်စုံတစ်ယောက်....

အဲ့တစ်စုံတစ်ယောက်ကို သူ့ဘဝတစ်ခုလုံးနဲ့ရင်းပြီး ပြိုင်ဆိုင်နေရတာ

CLOVER Where stories live. Discover now