Unicode Version(A/N -Accidentပြီးပြီးချင်းမှာ ဖြစ်ပေါ်လာတဲ့ Demoရဲ့ Povပါ။၉နှစ်အရွယ်ကလေးတစ်ယောက်အနေနဲ့ မျက်စိရှေ့မှာတင် မိခင်သေဆုံးသွားတာကို မြင်လိုက်ရတဲ့အခါ ဖြစ်ပေါ်လာတဲ့ လျှပ်တစ်ပျက်တုန့်ပြန်ချက်တွေလို့လည်း ပြောလို့ရပါတယ်။မိခင်ကသေဆုံးသွားတာကို သိနေပေမယ့် မသိစိတ်ကနေ ဒါဟာအိမ်မက်မက်နေတာပါလို့ ကိုယ့်ကိုကိုယ် နှစ်သိမ့်တွန်းအားပေးနေတဲ့သဘောတွေပါပဲ။"သူ"ဆိုတဲ့ နာမ်စားဟာ Demo ဆိုတဲ့ကလေးငယ်ကို ရည်ညွှန်းပါတယ်။
///////////////////////////////////////////
အိမ်မက်လား?
သူ့မြင်ကွင်းရှေ့မှာပဲ ပြောင်းဖူးထုပ်လေးကို ကိုင်မြှောက်ပြပြီး အလှပဆုံးပြုံးပြနေတဲ့ မေမေက အခုတော့ ဟိုးနားလေးမှာ လဲလျောင်းနေတာကရော...
မေမေရှိရာဆီကို ဘယ်လိုရောက်သွားမိမှန်းမသိလိုက်ပေမယ့် ဖေဖေရဲ့ မေမေ့နာမည်အော်ခေါ်သံတွေကြောင့် သတိတို့ပြန်ကပ်မိလိုက်တော့ မြင်လိုက်ရတာက ဖေဖေ့ရင်ခွင်ထဲမှာ ငြိမ်သက်နေတဲ့ မေမေ။ပြီးတော့...
သွေးတွေ...
မေမေ့ဘေးနားမှာ သွေးတွေကလည်း အများကြီးရှိနေသေးရဲ့။မေမေ့ကိုထွေးပွေ့ထားတဲ့ ဖေဖေ့ရဲ့အင်္ကျီမှာလည်း စိုရွှဲနေတဲ့ နီနီအရောင်အဆင်းတို့ဟာလည်း သွေးတွေလေလား။
သူအမြဲသဘောကျပြီး နမ်းရှိုက်နေကျ မေမေ့ရဲ့အညိုရောင်ဆံနွယ်ပျော့ပျော့လေးတွေကလည်း အခုတော့ဖြင့် စေးစေးကပ်ကပ်ဖြစ်နေတာကရော... မေမေ့ရဲ့ဆံနွယ်တွေကနေ ကတ္တရာလမ်းမထက်ကို တစ်စက်စက်ကျနေတဲ့ သွေးစက်လေးတွေကြောင့်ပဲလား...
အိမ်မက်ကလည်း ရှည်ကြာလိုက်တာ...
လူတွေကလည်းအများကြီးပဲ။ပြီးတော့ မိမိတို့ကိုလည်း ဝန်းရံပြီး ကြည့်နေကြသေးတယ်။အထူးသဖြင့် ဖေဖေ့ရင်ခွင်ထဲက မေမေ့ကိုပေါ့။
အိမ်မက်စမက်ကတည်းက မေမေကအိပ်နေလိုက်တာ...ကြာနေပြီမို့ ထပါတော့နော်...ဖေဖေနှိုးနေတာ ပင်ပန်းနေပြီထင်တယ်မေမေရဲ့...တီမြူတို့က ဆူညံနေတာတောင်မှ မေမေကမနိုးသေးဘူး...အိပ်ချင်ယောင်ဆောင်မနေပါနဲ့တော့လား...မေမေနိုးလာမှ သားအိမ်မက်ကြီးက ပြီးမယ်ထင်တယ်..ထပါတော့..ဒီအိမ်မက်ကြီးကို ဆက်မမက်ချင်ပါဘူး..သားကြောက်တယ် မေမေ...
![](https://img.wattpad.com/cover/316455747-288-k108639.jpg)
ESTÁS LEYENDO
CLOVER
No FicciónLove between 3 boys (Not 3 some)...... အချစ်လို့မသိသေးတဲ့အချိန်တစ်ခုက အချစ်ရယ်.... အချစ်ဆိုတာသိနားလည်တဲ့အရွယ်မှာ ပေါ်လာခဲ့တဲ့ အချစ်တစ်ခုရယ်... ချစ်ခြင်းနှစ်ခုကို ဖြစ်ပေါ်စေခဲ့တဲ့ ကိုယ်ရယ်... ဘာကိုရွေးချယ်ပြီး ဘာကိုစွန့်လွှတ်ဖို့သင့်မလဲဆိုတဲ့ မရေရာသေ...