Unicode version
"သျှန့်!!!!!!"
"ချီး!....အာ....ကိုဆက် ဒီမှာလန့်ပြီး ရေနဲ့ပက်မိတော့မလို့"
နောက်မှာရောက်နေတဲ့ ဘုန်းဆက်တည်ကို မျက်စောင်းထိုးကာ လှည့်ကြည့်ရင်း ပန်းရေလောင်းတဲ့ပိုက်ကို လက်နဲ့ရမ်းပြတော့ ထုံးစံအတိုင်း ဘုန်းဆက်တည်က တဖြီးဖြီး။
"ရယ်မနေနဲ့!!ခင်ဗျားကလေ တော်တော်မုန်းစရာကောင်းတာ။ကျွန်တော့စကားဆို တစ်စက်မှနားမထောင်ဘူး။အမြဲတမ်း လာရင် လူမသိအောင်လာပြီး ထိတ်လန့်တကြားတွေ မလုပ်ပါနဲ့ဆိုတာကို။အခုလည်းကြည့်!ရေပိုက်မို့သာတော်တော့တယ်။ဓားတို့ကတ်ကြေးတို့ဆို ကျွန်တော်လန့်ပြီး ထိုးမိတာနဲ့ ကိုစက်တစ်ယောက် မာလက ဈာန်ကြွနေလောက်ပြီ"
"သျှန်ကလည်းကွာ...ပြောလိုက်ရင် အားကြီးနဲ့"
"နောက်ဆိုအားကြီးနဲ့မပြောတော့ဘူး။အားကြီးနဲ့ထိုးမှာ"
"ကိုယ့်အကြိုက်ပဲ"
"ဘ-ဘာတွေလျှောက်ပြောနေတာလဲ"
"သြော် လက်သီးနဲ့ထိုးတာကိုပြောတာပါသျှန်ကလည်း...ဟားဟား ကြည့်စမ်းပါဦးကွာ မျက်နှာလေးကို နီတွတ်နေတာပဲ။ဒါလေးကမျက်နှာရော ဟုတ်ရဲ့လား။မီးဖိုခန်းထဲက ထွက်ပြေးလာတဲ့ ခရမ်းချဥ်သီးလေးမဟုတ်ဘူးလား ဟမ် ဟမ်"
မေးလေးကို ကိုင်ကာ ကိုင်ကာဖြင့် စနောက်တော့ ဟိုကလည်း ဝတ်ထားတဲ့ပုဆိုးကိုမပြီး ခြေထောက်နဲ့ကန်ပါလေရဲ့။ဘုန်းဆက်တည်လည်း ရှောင်ရင်းတိမ်းရင်းဖြင့်
"ရော် ရော် ဒီကလေး....အကြီးကိုနော်"
"အကြီးဆိုအကြီးနဲ့တူအောင်နေလေ နေလေ"
ခြေထောက်နဲ့ကန်လို့မလွယ်တဲ့အဆုံး လက်နဲ့တဖောင်းဖောင်းထုနေတာများ အံတွေကိုကြိတ်လို့။
"အဟမ်း အဟမ်း"
ခြံဝကနေ ရင်းနှီးနေတဲ့ ကလေးချောင်းဟန့်သံလေးကြားလိုက်ရတော့ ကူကယ်ရာရောက်လာတဲ့အလား အသံလာရာဆီအား ဘုန်းဆက်တည်လည်း စပ်ဖြီးဖြီးနဲ့ ပြေးသွားကာ
"အမယ်လေး သားတို့ရေ...ဘုရားသိကြားမ,ပေလို့ပဲ။ဦးတည်ကို ကယ်ကြပါဦးကွာ"

VOUS LISEZ
CLOVER
Non-FictionLove between 3 boys (Not 3 some)...... အချစ်လို့မသိသေးတဲ့အချိန်တစ်ခုက အချစ်ရယ်.... အချစ်ဆိုတာသိနားလည်တဲ့အရွယ်မှာ ပေါ်လာခဲ့တဲ့ အချစ်တစ်ခုရယ်... ချစ်ခြင်းနှစ်ခုကို ဖြစ်ပေါ်စေခဲ့တဲ့ ကိုယ်ရယ်... ဘာကိုရွေးချယ်ပြီး ဘာကိုစွန့်လွှတ်ဖို့သင့်မလဲဆိုတဲ့ မရေရာသေ...