Part-14

178 23 2
                                    


     Unicode Version

ဒီနေ့အရေးကြီးအစည်းအဝေးရှိတာကြောင့် Kira ကုမ္ပဏီကိုရောက်နေရခြင်းဖြစ်သည်။35ရာခိုင်နှုန်းသော ကုမ္ပဏီရှယ်ယာတွေကို ပိုင်ဆိုင်ထားရတဲ့သူဟာ 17 18အရွယ် ကောင်လေးတစ်ယောက်ပင် ဖြစ်သော်လည်း ဒီလူဟာ Kiraဖြစ်တာကြောင့် အခြားရှယ်ယာရှင်တွေအားလုံးအတွက် လက်မခံနိုင်စရာအကြောင်းမရှိပေ။

Kira၏လက်ထက်တွင် companyသည် ပိုပြီးတိုးတက်လာဦးမည်ဟု သူတို့အားလုံးယုံကြည်ကြသည်။ယုံကြည်ထားတဲ့အတိုင်း Kiraသည်ငယ်ရွယ်ပေမယ့် ထက်မြက်သည်။companyကို တည်ထောင်ခဲ့သော ဖခင်ဖြစ်သူ၏ အရည်အချင်းတို့ အားလုံးနီးပါး အမွေရထားသည်ထင်၏။သူ့မိခင်ဆီမှ ရှယ်ယာတစ်ချို့ကို လက်လွှဲယူပြီး companyကို စတင်ဝင်ရောက်လာချိန်မှစ၍ Kira၏ လုပ်ဆောင်ချက်တိုင်းသည် ထိထိရောက်ရောက်နှင့် ကြောက်ခမန်းလိလိ အံ့အားသင့်ဖွယ်တွေချည်းပင်ဖြစ်သည်။

ယခုလည်း Projecter screenပေါ်မှာတင်ပြနေတဲ့ projectတစ်ခုကို စိတ်ဝင်တစားနဲ့ကြည့်နေတဲ့Kira....အာရုံအပြည့်နဲ့ စူးစိုက်ထားတာကြောင့် မျက်ခုံးတန်းနှစ်ခုက ထိစပ်လုနီးပါး တွန့်ချိုးနေ၏။

"ခဏနေဦး"

Kiraစကားပြောလိုက်တာကြောင့် projectအကြောင်းကို ရှင်းပြနေဆဲဝန်ထမ်းက Kiraပြောလာမယ့်စကားကို စောင့်စားဟန်ဖြင့် Kiraကို တရိုတသေလှမ်းကြည့်လိုက်သည်။

"ပုံမှန်ဆို ဒီprojectက အလွန်ဆုံးကြာရင် ​ငါးလကျော်လောက်ပဲ။ဘာအကြောင်းကြောင့် ၈လနီးပါးအချိန်တွေ ယူထားရတာလဲ။employerတွေရဲ့လုပ်အားခကို တစ်နေ့တစ်ခါရှင်းပေးရတာဆိုတော့ အချိန်တွေပိုကြာသွားတာက ကုမ္ပဏီအတွက်  နစ်နာစေတယ်လို့မထင်ဘူးလား။နောက်ပြီး နောက်လာမယ့် ခရီးသွားရာသီအတွက် အဆင်သင့်ဖြစ်နေဖို့ projectကို မြန်မြန်အပြီးသတ်နိုင်တာက ပိုပြီးမကောင်းနိုင်ဘူးလား"

Kiraရဲ့မေးခွန်းအပြီး ဝန်ထမ်းဖြစ်သူကောင်လေးက ခဏတွေဝေသွားကာ စက္ကန့်အနည်းငယ်အကြာမှ

"ဟုတ်ကဲ့ခင်ဗျ...ဒီprojectကို မတင်ပြခင်ကတည်းက ကျွန်တော်တို့team တော်တော်အချိန်ယူပြီးစဥ်းစားကြည့်ခဲ့တယ်။ကျွန်တော်ပြောခဲ့သလိုပဲ အခုတည်ဆောက်မယ့် seaside resortရဲ့တည်နေရာက ထင်ထားတာထက် အများကြီးပိုပြီးခေါင်တယ် ခင်ဗျ။

CLOVER Donde viven las historias. Descúbrelo ahora