Unicode version
9years ago...
မိန်းမရဲတောင်။
ရှမ်းပြည်နယ်တွင်းရှိ အထင်ကရနေရာတစ်ခုအဖြစ် ကျော်ကြားသော မိန်းမရဲတောင်တော်သည် မြင့်မားလှသည်ဖြစ်၍ တောင်တော်၏ထိပ်တွင် တည်ထားသော စေတီတော်မြတ်ဆီသို့ တက်လှမ်းနိုင်ရန် ပြုလုပ်ထားသော လှေကားထစ်များကလည်း များပြားလှပြီး အလွန်မတ်စောက်၏။
တောင်တော်အား ဝေးသောအမြင့်တစ်နေရာမှ စီး၍ကြည့်မည်ဆိုပါက ရာပေါင်းများစွာသော လှေကားထစ်လေးတွေပေါ်မှာ တစ်လှုပ်လှုပ်ရွေ့နေတဲ့ ကိုယ်သေးသေးလေးနှစ်ခုကို တွေ့မြင်နိုင်မည်ဖြစ်သည်။
"မြူရှင်း...မြန်မြန်မတက်နဲ့လေ။ချော်ကျလိမ့်မယ် ငါ့ကိုစောင့်ဦး"
"အာ!!!မင်းတက်နေတာက အရမ်းနှေးတယ်။နေပူတာ သေတော့မလိုပဲ။အပေါ်မြန်မြန်ရောက်မှဖြစ်မှာ။မြန်မြန်လာပါ ဒီမိုရာ....ငါစိတ်မရှည်တော့ဘူး"
"အင်း" ဟုပင်ပြန်မပြောတော့ပဲ ဘေးနားကလက်ရမ်းတွေကို ကိုငိပြီး လှေကားထစ်တွေကျော်တက်ကာ အပေါ်မှာရောက်နှင့်နေသူ၏အနားကိုကပ်ပြီး လက်ကိုသေချာကိုင်ထားလိုက်ရသည်။
"လှေကားထစ်တွေက မတ်တော့အန္တရာယ်များတယ်။နေပူတာထက် အလျင်စလိုတက်လို့ချော်ကျမှာက ပိုပြီး အများကြီးအများကြီးဒုက္ခဖြစ်မှာ။အဲ့တာကြောင့် ဖြည်းဖြည်းပဲတက်နော်။ဟုတ်ပြီလား။ငါ့စကားကိုနားထောင်နော် လိမ်မာတယ်"
၉နှစ်အရွယ်ကလေးလေးတစ်ယောက်က မိမိထက်တစ်လပဲငယ်တဲ့ ကလေးလေးကို လူကြီးသဖွယ်ဆုံးမနေ၏။နေသားကျနေတဲ့အလား နည်းနည်းပဲပိုငယ်တဲ့ ပေါက်စလေးက ဆုံးမနေတဲ့ လူကြီးပေါက်စနလေးကို ဝိုင်းစက်နေတဲ့မျက်လုံးညိုကြီးတွေနဲ့ ပြန်ကြည့်ပြီး နားထောင်မည့်ဟန် ခေါင်းငြိတ်ပြလေ၏။ထိုအခါ လူကြီးလေးက လိမ်မာသည့် ကလေးလေး၏ခေါင်းကို နှစ်ချက်ပုတ်ကာ လက်ကိုဆွဲပြီး လှေကားထစ်တွေကို ဖြည်းညင်းစွာတူတူတက်ကြလေသည်။
အပေါ်ဆုံးကိုမရောက်ခင် လမ်းခုလတ်ရဲ့ဘေးတစ်နေရာမှာရှိနေတဲ့အရာကြီးတွေကို မြင်တော့ နှစ်ယောက်လုံးရဲ့မျက်လုံးလေးတွေက လက်ခနဲဖြစ်သွားပြီး ၄င်းအရာတွေရှိရာဆီကို ပျော်ရွှင်မြူးတူးစွာပြေးသွားကြလေသည်။သို့သော်ထိုအရာတွေဆီကို မြူရှင်းရောက်ဖို့လမ်းတစ်ဝက်လောက်အလိုမှာတော့ နောက်ကနေပြန်ဆွဲတာကြောင့် ခြေလှမ်းတို့တုံ့သွားရသည်။စိတ်တိုတိုနဲ့ မျက်မှောင်လေးကိုကြုံ့ပြီး ပြန်လှည့်ကြည့်တော့ ထုံးစံအတိုင်း Demo...

YOU ARE READING
CLOVER
Non-FictionLove between 3 boys (Not 3 some)...... အချစ်လို့မသိသေးတဲ့အချိန်တစ်ခုက အချစ်ရယ်.... အချစ်ဆိုတာသိနားလည်တဲ့အရွယ်မှာ ပေါ်လာခဲ့တဲ့ အချစ်တစ်ခုရယ်... ချစ်ခြင်းနှစ်ခုကို ဖြစ်ပေါ်စေခဲ့တဲ့ ကိုယ်ရယ်... ဘာကိုရွေးချယ်ပြီး ဘာကိုစွန့်လွှတ်ဖို့သင့်မလဲဆိုတဲ့ မရေရာသေ...