Unicode version"ကိုကိုမှားတာ ဟုတ်ပြီလား....TUEနဲ့THURSကို အခုထိမကွဲသေးတဲ့ကိုကိုမှားတာ။နောက်ဆိုအဲ့လိုမဖြစ်စေရတော့ပါဘူးအခမ်းရယ် နော် နော်"
ခမ်းညားရယ်ချင်စိတ်ကိုမနည်းထိန်းထားပြီး ရှေ့တည်တည့်ကိုသာရှုတည်တည်နဲ့ စိုက်ကြည့်ထားလိုက်သည်။
*ရှယ်ရစ်တာခံပေဦးတော့ သိုင်းဘုန်းရှိန်ခန့်ရေ.....
"အစ်ကိုက အတန်းမတက်သေးဘူးလား"
သူ့ကလေးလေးကို အသနားခံမျက်ဝန်းတွေနဲ့ကြည့်နေရတဲ့ သိုင်းဘုန်းကရုတ်တရက် မြူရှင်း၏အမေးကိုမကြား။ခဏလောက်နေမှ ခေါင်းလှည့်လာပြီး
"မြူရှင်း...ခုဏက ငါ့ကိုခေါ်လိုက်သေးလား"
"အွန်း အတန်းမရှိဘူးလားလို့မေးတာ"
"အေး...အခုက break timeလေ။မင်းတို့အတန်းနဲ့တူတူပဲ။အခမ်းရေ...."
မြူရှင်းမေးတာကိုဖြေနေရင်းနဲ့သူ့အခမ်းဘက်စိတ်ပြန်ရောက်သွားတဲ့ သိုင်းဘုန်းရှိန်ခန့်ကြောင့် မြူရှင်းနှာခေါင်းရှုံ့မိလိုက်သည်။
*ဒီနားမှာ ငါကthird wheelပဲ
*နေပါဦး ခုနကကိုသိုင်းဘုန်းပြောသွားတာက သူတို့အခန်းကအခုအတန်းမရှိဘူးဆိုတော့ အင်း.....ငါသွားကြည့်ရင်ကောင်းမလား
သွားရမလား မသွားရမလားမြူရှင်းတွေဝေနေတဲ့နောက်ဆုံး
*အင်း!!!သွားကြည့်လိုက်တော့ဘာဖြစ်မှာလဲ။ဒီနားမှာလည်းငါကthird wheelပဲဟာ
အတွေးတွေကိုလက်စသတ်ပြီးနောက်
"ခမ်းညား ငါtoiletခဏသွားဦးမယ်။သြော်
ဒီကအစ်ကိုသိုင်းဘုန်းခင်ဗျ ကျွန်တော့ကိုခွင့်ပြုပါဦး"အဖြေစကားမကြားရပါပဲ လေးလေးပင်ပင်ခေါင်းငြိမ့်ပြနေသော သိုင်းဘူန်းရှိန်ခန့်ကို မြူရှင်းစိတ်မကောင်းစွာကြည့်ရင်း တစ်ယောက်သောသူရှိရာဆီသို့ ထွက်ခွာလာခဲ့တော့၏။
•••••••••••••••••••••••••••••••••••
အခန်းထဲကိုတစ်ချက်ဝေ့ကြည့်တော့ Kiraကိုမတွေ့။အခန်းထဲကထွက်လာတဲ့တစ်ယောက်ကို မေးကြည့်တော့ ကျောင်းမလာသေးဘူးတဲ့လေ...

YOU ARE READING
CLOVER
Non-FictionLove between 3 boys (Not 3 some)...... အချစ်လို့မသိသေးတဲ့အချိန်တစ်ခုက အချစ်ရယ်.... အချစ်ဆိုတာသိနားလည်တဲ့အရွယ်မှာ ပေါ်လာခဲ့တဲ့ အချစ်တစ်ခုရယ်... ချစ်ခြင်းနှစ်ခုကို ဖြစ်ပေါ်စေခဲ့တဲ့ ကိုယ်ရယ်... ဘာကိုရွေးချယ်ပြီး ဘာကိုစွန့်လွှတ်ဖို့သင့်မလဲဆိုတဲ့ မရေရာသေ...