Part-17

180 17 16
                                    

Unicode Version

ငေးကြည့်နေတုန်းမှာပဲ ခပ်လှုပ်လှုပ်ဖြစ်လာတဲ့ မျက်ခွံမို့မို့လေး....

တဖြည်းဖြည်းပွင့်လာတဲ့ မျက်ဝန်းလေးတွေက တိုက်ရိုက်ကျရောက်နေတဲ့ နေရောင်ကြောင့် မျက်လုံးလေးကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီးမှ  ပြည့်ပြည့်ဝဝပွင့်လာနိုင်လေရဲ့...မျက်မှောင်ကိုတော့ အနည်းငယ်ကြုံ့ထားဆဲ။

KIRAလည်း မြူရှင်းအနားကို လျှောက်လာပြီး ခေါင်းလုံးလုံးလေးကို လက်တစ်ဖက်နဲ့ဖွလိုက်ကာ

"​မုန်ညင်းထုပ်လေးလို့မခေါ်ပဲ မြောင်မြူရှင်းလို့ ခေါ်ရတော့မယ်ထင်တယ်နော်"

"ဘာကြီး!!
မြောင်?ကြောင်လား"

"အင်း...ကြောင်လေးတွေလည်း နေပူဆာလှုံရတာ​ကိုကြိုက်တယ်လေ"

"ဖြစ်နိုင်ပါတယ်။ဒါပေမယ့် သေချာတာတစ်ခုကတော့ ငါသာကြောင်ဆိုရင် ကြောင်မျိုးစိတ်ထဲမှာ အချောဆုံးပဲ"

KIRA - ............. (ဆွံ့အ)

ရုတ်တရက်ကြီးပြန်မပြောနိုင်ပဲ တိတ်ဆိတ်သွားတဲ့ Kiraကိုကြည့်ပြီး မြူရှင်းလက်ညှိုးထိုးကာဖြင့် မျက်လုံးလေးတွေမှိတ်ကျတဲ့အထိ ရယ်မောပါတော့၏။

KIRAကိုနောက်ပြောင်လိုက်နိုင်တာကြောင့် တခစ်ခစ်ရယ်မောမိနေတုန်း မျက်ခွံလေးတွေပေါ်ကို လာဖိတဲ့ လက်ချောင်းတွေရဲ့အထိအတွေ့ကြောင့် မြူရှင်းမျက်လုံးဖွင့်ကြည့်မိသည်။

ဖွင့်ဖွင့်ချင်းမြင်လိုက်ရတာက Kiraရဲ့ပြုံးနေတဲ့ နှုတ်ခမ်းတစ်စုံ။ရှည်လျားတဲ့လက်ချောင်းသွယ်သွယ်က မိမိရဲ့ မျက်လုံးကိုလာထိခဲ့ပုံရသည်။သူ့ရဲ့အကြည့်တွေက မြူရှင်းဆီမှာပဲရှိနေပြီး အကြည့်လွှဲဖို့ရာ စိတ်ကူးမရှိပုံရသည်။

*KIRAက ဘာလို့အဲ့လိုမျိုးငေးကြည့်နေရတာလဲ

"သဘောကျတယ်"

"ဟမ်!"

"ရယ်လိုက်ရင် မျက်လုံးလေးတွေမှိတ်သွားတာကိုသဘောကျတယ်။ဒါပေမယ့် ပိတ်သွားတဲ့ အညိုရောင်မျက်လုံးလေးကို ပိုပြီးသဘောကျတယ်ထင်တယ်။"

ဒီတစ်ကြိမ်ဆွံ့အသွားရတာက မြူရှင်း...
မျက်လုံးတွေပါ ဝိုင်းစက်ပြီး နှုတ်ခမ်းလေးတွေပါ ပွင့်ဟလာရတဲ့အထိကို အံ့အားသင့်သွားပုံလေး​ကိုလည်း သဘောကျရာတစ်ခုအဖြစ် Kiraသတ်မှတ်တော့မယ်ထင်ရဲ့။

CLOVER Where stories live. Discover now