Unicode versionလွန်ခဲ့သောမိနစ်နှစ်ဆယ်ခန့်-
Kira !!!!!!!
"ကျစ် ဒီတစ်ကောင်"
မကျေမနပ်စုပ်သပ်ရင်း နောက်ကိုလှည့်ကြည့်တော့ အမောတကောပြေးလာတဲ့ သိုင်းဘုန်းရှိန်ခ။
ဘာတွေဒုက္ခရောက်ပြန်ပြီလဲ။
"Kira... အချစ် ငါ့ကိုကူညီပါဥိးကွာ ငါ့ ငါ့ကလေးလေး မတွေ့တော့ဘူး အခန်းရှေ့ကစောင့်ပါလို့ ပြောတဲ့ဟာ အခုဘယ်ပျောက်သွားမှန်းမသိဘူး။ ဂိတ်စောင့် ဦးလေးကြီးတွေကိုမေးကြည့်တော့လည်း အိမ်ပြန်လက်မှတ်ထိုးထားတာမျိုးမရှိသေးဘူးတဲ့။ကယ်ပါဦးကွာ Tutionချိန်အမီလိုက်ပို့ရမယ့်ဟာ အခုလူရှာမတွေ့ဘူး ကယ်ပါ Kiraလေးရေ အဟင့်ဟင့်"
(ONEက စည်းကမ်းအရ ကျောင်းဆင်းချိန်အိမ်ပြန်တဲ့ကျောင်းသားတွေဟာ ကျောင်းဝန်းထဲက ထွက်ခွာကြောင်း ကျောင်းပေါက်က ဂိတ်မှာ လက်မှတ်ထိုးထားရပါတယ်။လက်မှတ်ထိုးပီးနောက် ကျောင်းအပြင်ဘက်ရောက်လို့ ဖြစ်ပျက်တဲ့ကိစ္စမှန်သမျှဟာ ONEနဲ့မသက်ဆိုင်ကြောင်း အပြီး ကာကွယ်ထားတဲ့သဘောပါ)
မိမိရှေ့ကနေ အမျိုးစုံရှုံ့တွပြနေသော အဲ့သကောင့်သားမျက်နှာကို စိတ်ပျက်သလို ကြည့်လိုက်ပြီး
"ကလေးလေး!!
မဟုတ်မှ ဟိုတစ်ယောက်...ဘယ်သူ ကျစ် နာမည်မေ့နေတယ်""ခမ်း ခမ်းညားလေးကွာ ငါ့ကလေးလေးနာမည်နှစ်လုံးထဲကို မင်းလိုIQ 151ကြီးက မေ့ရတယ်လို့ 112ငါတောင် သတိရသေး"
စိတ်မဝင်စားဘူးဆိုရင် ကိုယ့်နာမည်ကိုယ်တောင် မှတ်မထားမယ့် Kiraဆိုတဲ့တစ်ယောက်ရဲ့ အကြောင်းကို သိပေမယ့်လည်းပေါ့။
"အခုလိုနေတဲ့အကူအညီက သူ့ကို ရှာပေးဖို့ပဲမလား
Deal...ဒါပေမယ့် ငါ့နောက်ကနေ လိုက်မလာပဲ ကိုယ့်ဘာသာ တစ်ခြားလမ်းကရှာ"ခပ်ပြတ်ပြတ်ပြောပြီး အနားကနေ တစ်ချိုးတည်းလိမ့်သွားတဲ့ မအေလုံး Kira။ဒီခွေးသူတောင်းစားကလေ တစ်ဦးတည်းသောသူငယ်ချင်းဖြစ်တဲ့ ငါ့ကိုဆို သိပ်ချစ်တာ ရွှတ်။
___________
ကျောင်းသန့်စင်ခန်း၊ကန်တင်း၊ဘောလုံးကွင်းနဲ့ ဘတ်စကတ်ကွင်းတွေပါမကျန် လှည့်ပတ်ကြည့်ပီးနောက် မတွေ့တဲ့အဆုံး သတိတရနဲ့ ကျန်နေတဲ့နေရာက တစ်ခုတည်း။

YOU ARE READING
CLOVER
Non-FictionLove between 3 boys (Not 3 some)...... အချစ်လို့မသိသေးတဲ့အချိန်တစ်ခုက အချစ်ရယ်.... အချစ်ဆိုတာသိနားလည်တဲ့အရွယ်မှာ ပေါ်လာခဲ့တဲ့ အချစ်တစ်ခုရယ်... ချစ်ခြင်းနှစ်ခုကို ဖြစ်ပေါ်စေခဲ့တဲ့ ကိုယ်ရယ်... ဘာကိုရွေးချယ်ပြီး ဘာကိုစွန့်လွှတ်ဖို့သင့်မလဲဆိုတဲ့ မရေရာသေ...