ဦးအမုန်းများရပ်ဆိုင်းပေးပါ
#အခန်း၁#
"အူဝဲ....အူဝဲ...အူဝဲ....အူဝဲ...အူဝဲ"
ဝုန်း...ဂျလိန်း...ဂျလိန်း..ဖြောင်း....ဝုန်း
သည်းထန်စွာရွာသွန်းနေသောမိုးသံများကြားမှထွက်ပေါ်လာသော မွေးကင်းစကလေးတစ်ယောက်၏ငိုသံ ထိုငိုသံဟာ စံအိမ်အတွင်းဖုံးလွှမ်းသွားရသည်။
အခန်းတွင်းမှအနှီးထုတ်လေးဖြင့်ထွက်လာသောအိမ်တော်ထိန်း...မျက်နှာဟာညိုးနွမ်းနေသည်။
"သခင်ကြီး...မိန်းကလေးမွေးပါတယ်..."
"မိန်းကလေးဟုတ်လား...ပြစမ်းပါအုံး"
"ဒါပေမယ့်"
အိမ်တော်ထိန်းက ကလေးငယ်လေးအားမပေးသေးပဲ မပြီးပြက်သေးသောစကားကိုဆက်ပြောရင်ပြင်လိုက်၏
"ဒါပေမယ့်ဘာဖြစ်လဲ"
ဒါပေမယ့်ဆိုတဲ့စကားနောက်မှာ သူ့မျှော်လင့်ချက်များတစ်စစီပျက်စီးသွားရသည်။
"သခင်မ..သူ...သူ...အဟင့်...သခင်မ"
အိမ်တော်ထိန်းရဲ့ဆက်ထွက်မလာတော့တဲ့စကားကြောင့် သူအခန်းဆီ ဝရုန်းသုန်းကားပြေးကြည့်လိုက်သည်။
"အီးဟီးဟီး...သခင်မ...သခင်မရယ် ဖြစ်မှဖြစ်ရလေ"
ဘေးနားမှာအစေခံများဝိုင်းကာ ငိုရှိုက်နေကျသည်။သူကိုယ်တိုင်လဲ ကြမ်းပြင်ထက်သို့ ခြေမခိုင်စွာပြိုလဲကျသွားရသည်။
တောက်!!ဟာကွာ
သူ၏ဒေါသများဟာ အခန်းပြင်ဘက်အိမ်တော်ထိန်းဆီမှာရောက်နေတဲ့ အနှီးထုတ်ထဲကကလေးနီတာရဲလေးဆီသို့စုပြုံသွားရသည်။ဒေါသကြောင့်ပင် မျက်နှာတစ်ခုလုံးဟာနီရဲလာကာ လက်သီးနှစ်ဖက်ကိုကျစ်နေအောင်ဆုပ်လိုက်၍ ကြမ်းပြင်မှလူးလဲထလိုက်သည်။
အခန်းအပြင်ဘက်နံရံမှာချိတ်ဆွဲထားသော ငှက်ကြီးတောင်ဓားကိုဆွဲဖြုတ်ပစ်လိုက်ရင်းက
"အိမ်တော်ထိန်း အဲ့ကလေးကိုပေးစမ်း"
"ဟင်!!"
"ဒင်းကြောင့် ငါ့ဇနီးသေရတာ သူ့ကိုလဲငါအရှင်မထားနိုင်ဘူး ပေးစမ်း"
YOU ARE READING
ဦးအမုန်းများရပ်ဆိုင်းပေးပါ
Romanceဦးသိရဲ့လား ဖွယ်ကလေ ဦးကိုသေမလောက်ချစ်တာ ဒါကြောင့်ဦးရဲ့အမုန်းတွေ အငြိုးတွေကို ဒီလောက်နဲ့ ရပ်ဆိုင်းပေးပါလားဟင်!!...