ဦးအမုန်းများရပ်ဆိုင်းပေးပါ
#အခန်း၁၇#
"အမလေး တေးသီရယ် ငါဖြင့်လေရင်တွေကိုတုန်သွားတာပဲ ဟိုမိန်းမများမိသွားမလားဆိုပြီးတော့"
"အဟင်း...ဟုတ်ပါ့ မချစ်စုရယ် တေးသီလဲ နည်းနည်းလန့်သွားတယ်"
နားနေခန်းမှာ မချစ်စုကအထိပ်တလန့်ဖြစ်သွားရသည်ကို ပြောပြနေသည်။
"မချစ်စုကိုပိတ်ရက်ကျ တေးသီ ရုပ်ရှင်လိုက်ပြမယ်နော်"
"မဟုတ်တာပဲတေးသီရယ် မနေ့က ခဏပဲဂျူတီလဲလိုက်ရတာကို"
"ဒါတော့ဒါပေါ့မချစ်စုရယ် ဒါပေမယ့် မချစ်စုကြောင့် တေးသီရဲ့ဆန္ဒတွေပြည့်ဝသွားတယ်လေ မနေ့ကခဏလေးနဲ့ကို တေးသီအတွက်ပြည့်စုံသွားပါပြီ"
"တေးသီရယ် ဘာမဟုတ်တာလေးကို"
"မချစ်စုအတွက်ဘာမှမဟုတ်ဘူးဆိုပေမယ့် တေးသီအတွက်ကတော့ ဘဝနဲ့ဆိုင်တဲ့ကိစ္စလေ အဟွန်းပြီးတော့ မချစ်စုကိုတေးသီတောင်းပန်ပါတယ်"
"ဘာကိုတောင်းပန်တာလဲဟင်"
"တောင်းပန်ရမယ့်ကိစ္စလေးတွေရှိလာမှာမို့ပေါ့ မချစ်စုရယ်"
မချစ်စုကနားမလည်စွာ ခေါင်းကုတ်နေပေမယ့် တေးသီကတော့စကားကို အလေးအနက်ပြောနေသည်။
>>>>>
"ပိုးလေး ဖေဖေ့အနားမှာနေခဲ့အုံးနော် မေမေသွားစရာရှိလို့"
* သူ့ကိုယ်သူမေမေတဲ့ ထပြီးသာ မျက်နှာကိုရိုက်ပစ်လိုက်ချင်မိတယ် *
သူ့ကိုယ်သူမေမေဟုသုံးနှုန်းပြောဆိုနေသည့် ရွှေစံသူရဲ့ မျက်နှာကို ခမ်း ရိုက်ပစ်ချင်စိတ်တွေသာပေါ်လာလေသည်။
"မေမေကကြာမှာလားဟင်"
"အင်း နည်းနည်းတော့ကြာမယ်"
"ဟုတ်ကဲ့"
ခမ်း မျက်လုံးကိုအသာဖွင့်၍ ကြည့်လိုက်သည်။ဆံပင်ရှည်လေးကိုနှစ်ဖက်ခွဲ၍ ထုံးထားသည့် ဆံထုံးသေးသေးလေးနဲ့သမီးလေးကျောပြင်လေးကိုသာမြင်ရသည်။ သမီးလေးက ဖွယ်နဲ့တူလို့လားမသိဘူး စကားပြောတာလေးက ယဥ်ကျေးသိမ်မွေ့သည်။
YOU ARE READING
ဦးအမုန်းများရပ်ဆိုင်းပေးပါ
Romanceဦးသိရဲ့လား ဖွယ်ကလေ ဦးကိုသေမလောက်ချစ်တာ ဒါကြောင့်ဦးရဲ့အမုန်းတွေ အငြိုးတွေကို ဒီလောက်နဲ့ ရပ်ဆိုင်းပေးပါလားဟင်!!...