ဦးအမုန်းများရပ်ဆိုင်းပေးပါ
#အခန်း၁၁#
မြက်ခင်းပြင်ပေါ်အရုပ်ကြိုးပြက်လဲကျနေသော မိုးထိအောင်ကို ဒေါသမျက်ဝန်းဖြင့်စူးရဲစွာကြည့်လိုက်ရင်း
"မင်းအခုနောင်တရပြီလားမိုးထိအောင် ဟမ်...မင်းအခု အတော်ခံစားနေရတယ်မဟုတ်လား မင်းကလူစိတ်မရှိတဲ့ကောင် သားသမီးချင်းစာနာမှုမရှိတဲ့ကောင် မင်းကသေတောင်သေသင့်တယ် အပြစ်မရှိရိုးသားဖြူစင်တဲ့ကလေးကို မင်းကမတရားညှင်းပန်းနှိပ်စက်ခဲ့တာ ဘာမှမသိနားမလည်တဲ့ဖွယ်က မင်းမေတ္တာကိုပဲတစ်ချိန်လုံးလိုချင်နေရှာတာ ဖခင်တစ်ယောက်လိုချစ်ခြင်းမေတ္တာနဲ့ကြင်နာမှု့တွေကို တစ်ချိန်လုံးမျှော်လင့်နေရှာတာ မင်းသာသူ့အပေါ်အနည်းငယ်လောက်ပဲ နွေးထွေးပေးကြည့် ဖွယ်ကဘယ်လောက်တောင်ပျော်သွားမလဲ"
"မင်းမာန် ငါ...ငါ...ငါသိပ်မှားခဲ့ပြီ ငါကမင်းပြောသလိုသေသင့်တဲ့ကောင်ပါ ငါကတစ်ကယ်အသုံးမကျတဲ့ကောင် တစ်ကယ်လူစိတ်မရှိတဲ့ကောင်ပါကွာ ဘုန်း..ဘုန်း"
မြေပြင်ကိုလက်သီးဖြင့်အချက်ပေါင်းများစွာထိုးရင်း ကိုယ့်ကိုယ်ကိုအပြစ်တင်စိတ်ဖြင့် ကိုယ့်ကိုယ်ကိုအပြစ်တင်နေမိသည်။
"မင်းနောင်တရတဲ့အချိန်ကအတော်ကိုနောက်ကျနေပြီမိုးထိအောင် အေးဒါပေမယ့် မင်းကအခုဖွယ့်ကို သမီးလို့သာတစ်ခွန်းခေါ်ကြည့်လိုက် မင်းဆီကိုဖွယ်ကချက်ချင်းပြေးလာမှာကွ"
မင်းမာန်က မိုးထိအောင်ရင်ဘက်ကိုတွန်း၍ပြောလိုက်သည်။
"ငါသိပါတယ်ကွာ...ငါသမီးလေးအပေါ်မှာမကျေခဲ့တဲ့တာဝန်အားလုံးကို ငါအခုပဲကျေပွန်ပါတော့မယ်"
"အေး...ငါမင်းကိုတစ်ချိန်လုံးစောင့်ကြည့်နေတယ်ဆိုတာကိုမမေ့နဲ့မိုးထိအောင်"
>>>>>
"ငြီးငွေ့ဖွယ် ငါနဲ့ကုန်တိုက်ကိုသွားရအောင်"
ဦးခမ်းသောက်ဖို့ကော်ဖီဖျော်နေဆဲမှာပင် သခင်မကြီးရဲ့စကားကြောင့် ဖွယ် သခင်မကြီးကိုကြည့်လိုက်သည်။
"ဘာလို့ဖွယ့်ကိုခေါ်သွားမှာလဲမေမေရယ် ဖွယ့်မှာကမပေါ့မပါးကြီးနဲ့လေ"
ESTÁS LEYENDO
ဦးအမုန်းများရပ်ဆိုင်းပေးပါ
Romanceဦးသိရဲ့လား ဖွယ်ကလေ ဦးကိုသေမလောက်ချစ်တာ ဒါကြောင့်ဦးရဲ့အမုန်းတွေ အငြိုးတွေကို ဒီလောက်နဲ့ ရပ်ဆိုင်းပေးပါလားဟင်!!...