ဦးအမုန်းများရပ်ဆိုင်းပေးပါ
#အခန်း၁၉#
ရလာသည့်ငွေသားများကြောင့် မိုးထက်မြင့် ကျေနပ်စွာပြုံးလိုက်သည်။ထို့နောက် ထိုအိတ်အမဲရောင်ကိုယူ၍ သူသွားနေကျဘားဆီသို့အရင်သွားလိုက်သည်။
"ငပိုင်ကော"
"အထဲမှာချနေပြီ ကိုမိုးထက်"
"အေးဟုတ်လား ရော့ ငါ့ကို၁၂၀ဖိုးပေး ၂၃၀က မင်းကိုပေးရမယ့်ပိုက်ဆံ"
မိုးထက်မြင့် အိတ်အမဲထဲမှ ငွေသားများကို သေချာရေတွက်ရင်း ၃၅၀တိတိကို ပေးလိုက်၏
"ကိုမိုးထက် ထောလာတာလား"
"အေး နည်းနည်းပေါ့"
"ဘယ်ကသုတ်လာတာလဲ"
"ဟ ! ငါ့ကိုယ်ပိုင်ပိုက်ဆံကွ"
မိုးထက်မြင့်စကားကိုကောင်တာမှလူငယ်က ရီလိုက်ရင်း ခေါင်းကိုခါယမ်းလိုက်သည်။
"ကိုမိုးထက် နည်းနည်းပါးပါးလျှော့လုပ်နော် ၁၂၀ဖိုးကြီးတောင်မများဘူးလား တော်ကြာဂိနေမှ"
"ဟကောင်ရ ငါကအကုန်လုပ်မှာမို့လို့လား ဒီလောက်ဆို ငါ့အတွက်တစ်လကျော်လောက်အေးဆေးပဲလေကွာ"
"ဟုတ်ပါပြီဗျာ ကျွန်တော်ကစိတ်ပူလို့ပါ ကဲရော့ရော့ ၁၂၀ဖိုးကို ကိုမိုးထက်လိုအပ်တိုင်း လာယူဟုတ်ပြီလား အခုတော့ ဒါပဲအရင်ချ"
"အေးပါကွာ"
မိုးထက်မြင့် ကောင်တာကလူငယ်ကမ်းပေးသော ဆေးကိုယူလိုက်ရင်း ပျော်ပျော်ကြီးငပိုင်ရှိရာအခန်းဆီဝင်လာခဲ့လိုက်ရင်း ထုံးစံအတိုင်းလုပ်ငန်းစလိုက်လေသည်။
"ဒါနဲ့ မိုးထက်မြင့် မင်းမျက်နှာဒီနေ့အတော်လန်းနေပါလားကွ"
ထိုးလက်စဆေးကိုရပ်လိုက်ရင်း မိုးထက်မြင့်တစ်ချက်ရီမောလိုက်သည်။
"အဟက်!! ရွှေစံသူဆိုတဲ့မိန်းမကိုသိတယ်မဟုတ်လား"
"ရွှေစံသူဟုတ်လား ! ငါကြားတော့ကြားဖူးသလိုလိုပဲ"
"ဟ ! မင်းကလဲ ဟိုစော်လေကွာ မင်းနဲ့တောင်တစ်ရက်ငြိသေးတယ်လေ"
YOU ARE READING
ဦးအမုန်းများရပ်ဆိုင်းပေးပါ
Romanceဦးသိရဲ့လား ဖွယ်ကလေ ဦးကိုသေမလောက်ချစ်တာ ဒါကြောင့်ဦးရဲ့အမုန်းတွေ အငြိုးတွေကို ဒီလောက်နဲ့ ရပ်ဆိုင်းပေးပါလားဟင်!!...