ဦးအမုန်းများရပ်ဆိုင်းပေးပါ
#အခန်း၉#
အရိုက်ခံလိုက်ရသောပါးလေးဟာ စပ်ဖြင်းဖြင်းဖြစ်နေသည်။
အား...ဒုန်း...ခွမ်း..
အိမ်ပြန်ရောက်ရောက်ခြင်း အခန်းထဲကရှိသမျှပစ္စည်းများအား ဆွဲ၍လွှင့်ပစ်လိုက်၍ ဒေါသများအလွန်ထွက်နေသည်။
လေသံမာမာနဲ့တောင်အပြောမခံရဘူးတဲ့ သူမကို ဦးခမ်းကပါးရိုက်လိုက်သဖြင့် ခံပြင်းဒေါသဖြစ်နေမိသည်ဆို ပိုမှန်လိမ့်မည်။
အောက်တန်းကျပြီးစာမတက်ပေမတက်အဆင့်မရှိတဲ့မိန်းမတစ်ယောက်အတွက်နဲ့ အရိုက်ခံလိုက်ရသည်က သူမရဲ့မာနကိုရိုက်ချိုးခံလိုက်ရသလိုပင်။
ဦးခမ်းကဘာကြောင့်သူမအပေါ်ကိုအခုလိုလုပ်ရတာလဲ။ဘာကြောင့် ဟိုမိန်းမကိုကာကွယ်ပေးနေရတာလဲ။စဥ်းစားကြည့်ရင် ငြီးငွေ့ဖွယ်ဆိုတဲ့မိန်းမက သူမလောက်တောင်မလှဘူးမဟုတ်လား။ဦးခမ်းကဘာကိုမက်မောပြီး တွယ်ကပ်နေရတာလဲ။
ဦးခမ်းကိုအပိုင်ရယူပြီး ဦးခမ်းရဲ့ပစ္စည်းဥစ္စာမှန်သမျှကို အကုန်ရယူဖို့သူမတွေးထားခဲ့တာ။အခုတော့ အဲ့လိုမိန်းမအတွက်နဲ့ အရိုက်ခံရသည့်အပြင် သူ့အိမ်ကပါနှင်ထုတ်ခံလိုက်ရသည်မို့ စိတ်ထဲတနုံ့နုံ့ဖြစ်နေသည်။
အရိုက်ခံလိုက်ရသောသူမရဲ့ပါးပြင်လေးကို ခပ်ဖွဖွပွတ်ရင်း ငြီးငွေ့ဖွယ်ဆိုတဲ့မိန်းမကို တစ်ခုခုပြန်လုပ်ရန်အတွက်စဥ်းစားနေမိသည်။
*အရိုက်ခံလိုက်ရတဲ့ငါ့ပါးပြင်အတွက် နင်ရော်ကြေးပေးရမယ်ငြီးငွေ့ဖွယ် နင့်ကိုဦးခမ်းအနားကထွက်သွားအောင်ငါလုပ်မယ် နင့်ကိုဦးခမ်းရွံရှာမုန်းတီးသွားစေရမယ်*
စိတ်ထဲကြုံးဝါးရင်း ဖွာလန်ကြဲနေသောဆံပင်များကို တစ်စုတစ်စည်းထဲပြန်စီးကာ အဝတ်အစားတစ်စုံကိုလဲဝတ်လိုက်သည်။
မှန်တင်ခုံပေါ်မှဖုန်းကိုယူ၍ ဟိုတယ်မှာဘိုကင်လုပ်လိုက်ကာ ဒေါသပြေပျောက်ရန် ထွက်လာခဲ့လိုက်သည်။
>>>>>
"ဦး...ဖွယ်လေဦးအတွက်ထမင်းချက်ပြီးသွားပြီ....ဦးဘာကြိုက်တက်လဲသေချာမသိလို့ ဖွယ်...အာ့..ဦး"
YOU ARE READING
ဦးအမုန်းများရပ်ဆိုင်းပေးပါ
Romanceဦးသိရဲ့လား ဖွယ်ကလေ ဦးကိုသေမလောက်ချစ်တာ ဒါကြောင့်ဦးရဲ့အမုန်းတွေ အငြိုးတွေကို ဒီလောက်နဲ့ ရပ်ဆိုင်းပေးပါလားဟင်!!...