ဦးအမုန်းများရပ်ဆိုင်းပေးပါ
#အခန်း၁၀#
"ဖေဖေ...ဖွယ် ဘာလုပ်ရမှာလဲဟင်"
"နင် ခမ်းနဲ့ကွာရှင်းပြီး မယားစရိတ်တောင်းရမယ်"
"ဟင်!!"
ဖေဖေ့ရဲ့စကားကြောင့် ဖွယ်မယုံကြည်နိုင်သလို မျက်ဝန်းလေးများဝိုင်းစက်သွားရကာ ဖေဖေ့ကိုပြန်ကြည့်လိုက်မိသည်။
"ဖေဖေ...ဘာ ဘာလို့လဲဟင်"
ဖွယ့်အသံလေးများကတုန်ယင်လျှက်။နှလုံးသားလေးဟာလဲ နာကျင်နေမိသည်။ ဖေဖေ့မေတ္တာကိုရဖို့ ဖွယ့်နှလုံးသားကိုစတေးဖို့လိုလို့လား ဖေဖေရယ်။
"ဘာလို့လဲလို့မမေးနဲ့ ငါ့သမီးအဖြစ်နေချင်ရင် နင် ခမ်းဆီက မယားစရိတ်အပြည့်အဝတောင်းရမယ်"
"ဟင့်အင်း ဖွယ် ဖွယ်လေ ဦးခမ်းကိုချစ်တယ် ဖေဖေ"
"နင်ချစ်တာမချစ်တာအရေးမကြီးဘူး နင် ငါ့သမီးအဖြစ်နေချင်ရင် ခမ်းကိုကွာရှင်းလိုက် ပြီးရင်မယားစရိတ်တောင်း"
ဖွယ် စီးကျလာသည့်မျက်ရည်များကိုမသုတ်အား။ဖေဖေ့ကိုသာ ငေးကြည့်နေမိသည်။ ဖွယ်....ဖေဖေ့မေတ္တာကိုလိုချင်တယ် အရမ်းလိုချင်ခဲ့တယ် ဒါပေမယ့် ဦးခမ်းကိုရော ဖွယ်မထားခဲ့နိုင်ဘူး ဖွယ် ဖွယ်ဘာလုပ်ရမလဲ။
"ဖေဖေ...ဖွယ် ဦးခမ်းကို မကွာရှင်းလို့မရဘူးလားဟင် ဖွယ် ဒီတိုင်းလေးပဲဖေဖေ့သမီးလုပ်လို့မရဘူးလား"
"မရဘူး.."
ပြက်သားလွန်းတဲ့ဖေဖေ့စကားကို ဖွယ်ဘယ်လိုလွန်ဆန်ရမှာလဲ။ဖွယ်ငြင်းလိုက်ရင်လဲ ဖေဖေ့ကဖွယ့်ကို ဒီ့ထက်ပိုမုန်းမှာ ဖွယ် တစ်ခါလောက်တော့ ဖေဖေ့ရဲ့မေတ္တာလိုချင်မိတယ်။
"နင်ငါပြောတဲ့အတိုင်းလုပ်မှာလား"
"ဖွယ်...အဟင့် ဖွယ် လုပ်ပါ့မယ်"
ဖွယ် ဖေဖေ့ဆီကချစ်ခြင်းမေတ္တာလိုအပ်တယ် ဖွယ်တစ်ခါလေးပါပဲ တစ်ခါလေးပဲ စစ်မှန်တဲ့ဖေဖေ့အချစ်တွေရပါရစေ။
ဖေဖေ့စကားကိုလက်ခံပြီး ဖေဖေပြန်သွားတဲ့အချိန် တိုက်ခန်းမှာတစ်ယောက်ထဲရှိနေတဲ့ဖွယ် ဘယ်လိုမှထိန်းမရသောမျက်ရည်များကို စီးကျခွင့်ပေးလိုက်သည်။
YOU ARE READING
ဦးအမုန်းများရပ်ဆိုင်းပေးပါ
Romanceဦးသိရဲ့လား ဖွယ်ကလေ ဦးကိုသေမလောက်ချစ်တာ ဒါကြောင့်ဦးရဲ့အမုန်းတွေ အငြိုးတွေကို ဒီလောက်နဲ့ ရပ်ဆိုင်းပေးပါလားဟင်!!...