ဦးအမုန်းများရပ်ဆိုင်းပေးပါ
#ဇာတ်သိမ်းပိုင်း#
"ဦးခမ်း ဖွယ်တောင်းဆိုပါတယ် အန်တီယုယခင်က ဘာပဲဖြစ်ဖြစ် ဦးခမ်းရဲ့အမေတစ်ယောက်ပဲလေ ဖွယ်တို့အပေါ်မကောင်းခဲ့ပေမယ့် ဦးခမ်းကိုသိပ်ချစ်ခဲ့တာမို့ ဦးခမ်းတစ်ခါလေးဖြစ်ဖြစ်တွေ့လိုက်ပါလားဟင်"
သူ့လက်ကိုကိုင်၍ မေမေ့ကိုသွားတွေ့ရန် သနားစရာမျက်နှာငယ်လေးနဲ့ပြောလာသည်။ သူ့အပေါ်ဒီလောက်ထိဆိုးရွားစွာဆက်ဆံခဲ့သည်ကိုတောင် မေ့နေသည့်ပုံဖြင့် မေမေ့အပေါ် စိတ်ကောင်းထားနေသေးသည်။
"ဖွယ်...ကိုယ်"
"ဖွယ့်ကိုချစ်ရင် သွားလိုက်ပါဦးရယ် နော်"
သူ့ကိုမော့ကြည့်၍ သွားတွေ့ရန် အတင်းပြောနေလေသည်။
"ဦးရယ် ဘာပဲဖြစ်ဖြစ် အမေဟာအမေပါပဲ...ဖွယ်ဆိုရင် ဖေဖေ့ကို တစ်ခါလေးတောင်မမုန်းခဲ့ပါဘူး ဖေဖေကဖွယ့်အပေါ် အရမ်းဆိုးခဲ့တဲ့သူပါ ဒါပေမယ့် ဖွယ် ဖေဖေ့မေတ္တာကိုလိုချင်လို့ ဖွယ်သည်းခံပြီးနေနေခဲ့တာ ဖွယ့်အပေါ်မှာမချစ်ခဲ့တဲ့ဖေဖေ့ကိုတောင်ဖွယ်ကမမုန်းရက်ခဲ့တာ ဦးအပေါ်မှာချစ်တဲ့ အန်တီယုယခင်ကိုလဲ ဦးမမုန်းပဲတွေ့လိုက်ပါနော်"
"ကိုယ်မေမေ့ကိုမမုန်းပါဘူး ဒါပေမယ့်"
"အင်းပါ အခုဆိုရင် အန်တီလဲနောင်တရနေပါပြီ တစ်ချိန်လုံးဦးခမ်းနာမည်ကိုပဲတမ်းတနေတာမို့ သွားတွေ့သင့်ပါတယ် ဦးရယ် နော်...အချိန်လွန်မှနောင်တရတယ်ဆိုပေမယ့် ဦးကတော့အချိန်မလွန်ခင် သွားတွေ့လိုက်ပါ ဖွယ်နဲ့သမီးလေး ကားထဲကစောင့်နေမယ်နော်"
ဖွယ်က သမီးလေးကိုပွေ့ချီရင်း တစ်ရွေ့ရွေ့ထွက်သွား၏ သူသာနေရာမှာ ငူငူကြီးရပ်နေမိကာမရွေ့နိုင်ဖြစ်နေသည်။
နောက်ဆုံးတော့ သူဆုံးဖြတ်ချက်ကိုခိုင်မှာစွာချလိုက်ရင်း ခြေလှမ်းများကိုရွေ့လိုက်သည်။
........
"သား...ခမ်း"
ရိပ်ခနဲရောက်လာသည့်အရိပ်တစ်ခုကြောင့် မျက်ဝန်းများကိုဖွင့်ကြည့်လိုက်တော့ ခမ်းရပ်နေတာတွေ့ရ၍ ဒေါ်ယုယခင် ပျော်သွားရသည်။
ESTÁS LEYENDO
ဦးအမုန်းများရပ်ဆိုင်းပေးပါ
Romanceဦးသိရဲ့လား ဖွယ်ကလေ ဦးကိုသေမလောက်ချစ်တာ ဒါကြောင့်ဦးရဲ့အမုန်းတွေ အငြိုးတွေကို ဒီလောက်နဲ့ ရပ်ဆိုင်းပေးပါလားဟင်!!...