ဦးအမုန်းများရပ်ဆိုင်းပေးပါ
#အခန်း၁၅#
"ဖွယ် ဘာဖြစ်လို့လဲ"
ခမ်းလဲနေသော ကုတင်အောက်မှာ ထိုင်ချ၍ မျက်နှာလေးရှုံ့မဲ့နေသည့်ဖွယ့်ကို မင်းမာန် စိုးရိမ်စွာဖြင့်မေးလိုက်သည်။
"ဦးနေ..ဖွယ် ဗိုက်ကခဏခဏနာနေတယ် အဟင့်...ဖွယ် မခံနိုင်တော့ဘူး"
မျက်ရည်လေးများဝဲ၍ ပြောလာသည်ကြောင့် မင်းမာန်စိတ်ပူသွားရသည်။
* မွေးဒိတ်ကပြည့်တော့မှာဖြစ်တာမို့ ဗိုက်နာတာများလား...*
"အရမ်းနာနေတာလားသမီး.."
"ဟုတ်...မနက်ကတည်းက နာလိုက်ပျောက်လိုက်နဲ့ အခုဆို နာပဲနာနေတယ် မပျောက်ဘူး"
"ခဏနော် ဦးနေ ဆရာဝန်ခေါ်ပေးခဲ့မယ်"
ဦးနေက အရေးတကြီးပြေးထွက်သွားသည်။ ဒီနေ့မှ ဘယ်သူမှလဲဘေးနားမရှိပါ။ ဒေါ်မြတ်ကလဲနေ့လည်ပိုင်းမှလာမှာဖြစ်သလို သခင်မကြီးကလဲ ညနေဘက် ကုမ္ပဏီကအပြန်မှာပဲ လာမှာမို့ ဖွယ်တစ်ယောက်ထဲဖြစ်နေသည်။
ခဏကြာတော့ ဦးနေနဲ့အတူ ဆရာဝန်အချို့ပါလာသည်။
"လူနာက ရေမြွှာတောင်ပေါက်နေပြီ ဘာလို့အခုမှလာပြောတာလဲ ရေမြွှာရေခမ်းသွားရင်အထဲကလေး ဒုက္ခရောက်သွားမှာမသိဘူးလား ဆရာမ မွေးခန်းဘက်လူနာကိုအမြန်ရွှေ့ပါ"
ဆရာဝန်က အနည်းငယ်ဆူကာပြောလိုက်ရင်း ဖွယ့်ကို အခြားဆရာမများက တွဲထူ၍ ဝှီးချဲပေါ်တင်ကာ မွေးခန်းဘက်သို့ ရွှေ့သွားကျသည်။
မင်းမာန်တစ်ယောက်ထဲ ပျာယာခက်နေတော့သည်။သူဘာမှလဲ နားမလည်တာမို့ ခမ်းအမေဆီကိုအမြန်ဖုန်းဆက်ရသေးသည်။ မိုးထိအောင်ကလဲ အဖေတစ်ယောက် အဘိုးတစ်ယောက်ဖြစ်နေတာမို့ ဖုန်းဆက်ကာလှမ်းပြောလိုက်သည်။
..........
"သမီးစံ ငြီးငွေ့ဖွယ် မွေးပြီတဲ့ အစီစဥ်တိုင်းပဲမဟုတ်လား"
"စိတ်ချပါ အန်တီ စံ အားလုံးစီစဥ်ထားပါတယ် အခုပဲ စံ့လူနှစ်ယောက်ကို ဆေးရုံဘက်လွှတ်လိုက်ပြီ ဦးခမ်းကိုသူတို့ ဟိုဘက်သေချာပို့ပေးမှာပါ မနက်ဖြန်ကျ အန်တီလေဆိပ်ကသာစောင့်နေပါတော့ စံ ကလေးကိုခေါ်ပြီးတာနဲ့ တန်းထွက်လာခဲ့မယ် အခုတော့ အန်တီဆေးရုံကို ခဏသွားမှဖြစ်မယ်မဟုတ်လား"
YOU ARE READING
ဦးအမုန်းများရပ်ဆိုင်းပေးပါ
Romanceဦးသိရဲ့လား ဖွယ်ကလေ ဦးကိုသေမလောက်ချစ်တာ ဒါကြောင့်ဦးရဲ့အမုန်းတွေ အငြိုးတွေကို ဒီလောက်နဲ့ ရပ်ဆိုင်းပေးပါလားဟင်!!...