ဦးအမုန်းများရပ်ဆိုင်းပေးပါ
#အခန်း၄#
ခမ်း သုံးရက်လုံးပင်ပန်းထားတာကြောင့် ရေချိုးအဝတ်စားလဲပြီးသည်နှင့် အိပ်ယာပေါ်လှဲချလိုက်ရင်း မျက်ဝန်းများကိုမှိတ်လိုက်ပေမယ့် သူမပုံရိပ်များက မျက်ဝန်းထဲပေါ်လာသည်။
သူမဆိုတာ ခမ်း သိပ်ချစ်ခဲ့ရတဲ့ တစ်ချိန်ကသူမ။သူ့ရဲ့ အချစ်ဦးဆိုလဲမမှား။ဒါပေမယ့် ဒီလောကကြီးကနေ သူမအပြီးတိုင်ထွက်သွားခဲ့ပြီလေ။
သူမပုံရိပ်များကိုပြန်မြင်ယောင်မိတော့ သူ့နှလုံးသားလေးက နာကျင်လာလေသည်။သူမထွက်သွားခဲ့တာ ၈နှစ်ရှိခဲ့ပြီ ကိုကိုထွက်သွားခဲ့တာ နှစ်၂၀ရှိခဲ့ပြီ ကိုကို့ရဲ့နှစ်ပတ်လည်နေ့မှာပဲ လောကကြီးကထွက်သွားတဲ့သူမ။တစ်ရက်ထဲနဲ့ လူနှစ်ယောက်ကို လွမ်းဆွတ်သတိရနေခဲ့ရတဲ့ နာကျင်မှု့က မသေရုံတမယ်။
"ဦး...ဦးခမ်း..."
အိပ်ယာထက်လှဲရင်း စဥ်းစားနေမိတဲ့ ခမ်း ငြီးငွေ့ဖွယ်ခေါ်သံကြောင့် လူးလဲထလိုက်သည်။
ခမ်းလှမ်းကြည့်လိုက်တော့ အခန်းဝမှာ ရေစိုစိုအဝတ်စားများဖြင့် ရပ်ကာ မျက်နှာငယ်လေးနဲ့ကြည့်နေတဲ့သူမလေး။
"ဘာပြောမလို့လဲ..."
"ဖွယ်....ဦးခမ်းကို ဦးခမ်းကို မေးစရာလေးရှိနေလို့"
"မေး..."
ခမ်းရဲ့ခပ်ပြက်ပြက်အဖြေကြောင့် သူမလေးက ကြောင်ကြည့်နေလေသည်။
"ကျစ်!!...မင်းမေးစရာရှိတာမေးလေ"
"ဟို...ဟိုလေ ဦးခမ်းပြန်မလာတာက ဟိုအမနဲ့ အတူတူများရှိနေတာလား"
မရဲတရဲမေးလာသည့်သူမအမေးကို သဘောမကျဖြစ်ကာ ခမ်း ခေါင်းမှဆံပင်တို့ကိုလက်ဖြင့်ထိုးဖွလိုက်သည်။
"ဟုတ်တယ်ဆိုရင်ကော မင်းဘာလုပ်မလို့လဲ"
"ဟင့်..ဟင့်အင်း ဖွယ်က ဒီတိုင်းလေးပဲမေးကြည့်"
သူမစကားမဆုံးခင် ခမ်း ကုတင်ပေါ်မှလွှားခနဲ ခုန်ဆင်းလိုက်ကာ သူမရှိရာအခန်းဝသို့ ခြေလှမ်းကျဲကြီးများဖြင့်လျှောက်လာလိုက်သည်။
BẠN ĐANG ĐỌC
ဦးအမုန်းများရပ်ဆိုင်းပေးပါ
Lãng mạnဦးသိရဲ့လား ဖွယ်ကလေ ဦးကိုသေမလောက်ချစ်တာ ဒါကြောင့်ဦးရဲ့အမုန်းတွေ အငြိုးတွေကို ဒီလောက်နဲ့ ရပ်ဆိုင်းပေးပါလားဟင်!!...