ဦးအမုန်းများရပ်ဆိုင်းပေးပါ
#အခန်း၆#
သူမ၏ကျောပြင်မှဒဏ်ရာများကိုကြည့်ပြီး ခမ်း ရင်ထဲ ဘယ်လိုမှပင်မခံစားနိုင်ပေ။
"မင်းအရမ်းနာနေမှာပဲ ငါဆေးထည့်ပေး"
"ဖွယ့်ကိုကွာရှင်းပေးပါဦးရယ် ဖွယ်လေ တစ်ကယ်ကြောက်လို့ပါ အီးဟီး ဖေဖေကဖွယ့်ကိုဒီလိုထိဖြစ်အောင် မရိုက်ခဲ့ဖူးဘူး ဖွယ့်ကိုဖေဖေ့ဆီပြန်ပို့ပေးပါနော် ဖွယ်တောင်းပန်ပါတယ်"
လက်အုပ်လေးချီကာတောင်းပန်နေရှာသည့် ကောင်မလေးကိုကြည့်ကာ ခမ်း ဘာလုပ်ရမလဲဖြစ်နေ၏
"မေမေ မင်းကို ထပ်ပြီးဒီလိုမလုပ်စေရဘူးလို့ ငါကတိပေးပါတယ် နော်"
သူမလေးအနားသို့တိုးကပ်ကာ ခပ်တိုးတိုးလေးပြောလိုက်၏ မနေ့ကအရိုက်ခံထားရတဲ့ပါးပြင်လေးဟာလဲ အနည်းငယ်ရောင်ကိုင်းနေသေးသည်။
"မင်းဒဏ်ရာတွေဆေးထည့်ရအောင်နော်"
သူမ ပုခုံးနှစ်ဖက်ကို သူအသာဆုပ်ကိုင်ရင်းပြောလိုက်သည်။သူမမျက်နှာပေါ်က မျက်ရည်များကို သူသုတ်ပေးလိုက်ရင်း သူမလေးကို သူ့ရင်ခွင်အတွင်းသို့ဆွဲထည့်ကာ နှစ်သိမ့်ပေးလိုက်သည်။
"မငိုပါနဲ့တော့ကွာ မင်းကိုဒီ့ထက်ပိုပြီးမထိခိုက်စေရပါဘူး"
ဦးခမ်းရဲ့နှစ်သိမ့်စကားကြောင့် စိတ်သက်သာရာရပေမယ့်လဲ ဖွယ်ထိပ်လန့်နေမိသေးသည်။သခင်မကြီးက ဖွယ့်ကိုဒီ့ထက်ပိုပြီး အပြစ်ပေးရိုက်နှက်ရင် ဖွယ်ခံနိုင်ရည်ရှိမည်မထင်ပါ။
>>>>>
"ဖေဖေ ကျွန်တော့်ကို သိန်း၂၀လောက်ပေးပါ"
"ဘာကွ သိန်း၂၀ဟုတ်လား"
သားဖြစ်သူတောင်းလိုက်တဲ့ငွေပမာဏကြောင့် ဦးမိုးထိအောင် ဒေါသထွက်သွားမိသည်။
"ကျွန်တော်အကြွေးတင်နေတယ်"
"မင်းကဘာတွေများသုံးဖြုန်းနေလို့ဒီလောက်အများကြီးအကြွေးတင်နေရတာလဲ မိုးထက်မြင့်"
"ကျွန်တော်..."
"သိန်း၂၀တော့ ငါမပေးနိုင်ဘူး ရော့ ၂သိန်းပဲမင်းရမယ်"
BẠN ĐANG ĐỌC
ဦးအမုန်းများရပ်ဆိုင်းပေးပါ
Lãng mạnဦးသိရဲ့လား ဖွယ်ကလေ ဦးကိုသေမလောက်ချစ်တာ ဒါကြောင့်ဦးရဲ့အမုန်းတွေ အငြိုးတွေကို ဒီလောက်နဲ့ ရပ်ဆိုင်းပေးပါလားဟင်!!...