ဦးအမုန်းများရပ်ဆိုင်းပေးပါ
#အခန်း၁၂#
ဘာဆိုဘာမှမရှိတဲ့ လေဟာနယ်ထဲရောက်နေသလို။လူတွေလဲမရှိသလို သစ်ပင်လဲမရှိ။ဘာဆို ဘာမှကိုမရှိပေ။သူမ ဘယ်ရောက်နေတာလဲ ဘယ်လောက်ပင်လျှောက်နေပါစေ မောလာတာပဲအဖက်တင်သည်။ဒီနေရာမှာ လည်နေသလို။
"ဖွယ်!!....ထပါတော့ ဖွယ်"
နားထဲသဲ့သဲ့ကြားလိုက်ရသည်က ဦးခမ်းအသံ။ဖွယ် ဝမ်းသာအားရပြေးလာချင်ပေမယ့် ဖွယ့်ခြေလှမ်းများ လေလံနေလေပြီ ဖွယ်မသွားလဲမသွားချင်တော့ပေ။ ဖွယ့်ကိုမလိုအပ်တဲ့သူတွေဆီမှာ ဖွယ်ပြန်မသွားချင်တော့ပါ။
ဖွယ်ဒီနေရာကထွက်မရလဲနေပါစေတော့ ဒီနေရာမှာပဲ ဖွယ်နေလိုက်တော့မယ်။
ဖွယ် ဆက်မသွားဖြစ်တော့ပဲ ဘာမှမရှိတဲ့ဒီလေဟာနယ်ကြီးထဲမှာ ကိုယ့်လက်ကလေးကိုခုကာ လှဲချလိုက်ရင်း မျက်ဝန်းလေးများကိုမှိတ်စက်လိုက်ပါသည်။
...........
တီ တီ တီ တီ
"ဟင်!!...."
အသက်ရှုပိုက်တပ်ထားသည့်စက်မှ အသံများထွက်လာသဖြင့် ခမ်း ပျာယာခက်သွားသည်။
"ဒေါက်တာ ဒေါက်တာ"
စိုးရိမ်တကြီး ဒေါက်တာ့အားလှမ်းခေါ်လိုက်သည်။ သူမလေးကိုကြည့်မိတော့ ဖြူဖက်ဖြူလျော်ဖြင့် မျက်နှာလေးကချောင်ကျနေသည်။
"နှလုံးခုန်တာနှေးနေပြီ နှလုံးနှိုးစက်အမြန်ယူခဲ့ပါ"
"ဟုတ် ဒေါက်တာ"
သူ့ရှေ့မှာတင် အသက်လုနေရရှာသည့်သူမလေးကိုကြည့်၍ ခမ်း အစားဝင်ပစ်လိုက်ချင်သည်။သူမလေးကိုမြင်ရတိုင်း နှလုံးသားထဲကသိပ်နာကျင်ရသည်။
ဘယ်လိုဖြစ်လို့ အပေါ်ကနေပြုတ်ကျတယ်ဆိုတာလဲ သူမသိရပေ။တစ်ယောက်ယောက်ကများ တွန်းချလေသလား။ဖွယ်က အပေါ်ထိတက်ပြီးတော့ ခုန်ချမည်မဟုတ်။မေမေများ စေခိုင်းထားတာလား။တွေးမိတော့ သူ့ရင်ထဲ ထိပ်ထိပ်ပြာပြာဖြစ်သွားရသည်။
..........
"သမီး...ဖွယ် သမီးလေး"
ဖွယ် မျက်လုံးများမှိတ်ထားရာမှ နားထဲချိုသာလွန်းသော ခေါ်သံကြောင့်မျက်ဝန်းများကိုဖွင့်ကြည့်လိုက်သည်။
YOU ARE READING
ဦးအမုန်းများရပ်ဆိုင်းပေးပါ
Romanceဦးသိရဲ့လား ဖွယ်ကလေ ဦးကိုသေမလောက်ချစ်တာ ဒါကြောင့်ဦးရဲ့အမုန်းတွေ အငြိုးတွေကို ဒီလောက်နဲ့ ရပ်ဆိုင်းပေးပါလားဟင်!!...