ဦးအမုန်းများရပ်ဆိုင်းပေးပါ
#အခန်း၁၈#
"သူကဘာလို့ ငြီးငွေ့ဖွယ်နဲ့တူနေရတာလဲ"
ဒေါ်ယုယခင်ကသွေးပျက်ကာမေးလာသည်။ အသံများကလဲမူမမှန်ချင်ပါ။
"အန်တီရယ် မျက်နှာပဲတူတာပါ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ အန်တီကဒီလောက်လန့်နေရင်လဲ စံ မြန်မာပြည်ကိုလှမ်းပြီး စုံစမ်းကြည့်လိုက်ပါ့မယ်"
ရွှေစံသူရဲ့စကားကိုကြားမှ အနည်းငယ်စိတ်သက်သာရာရလာသည်။
"ဒီလေးနှစ်အတွင်း ငြီးငွေ့ဖွယ်က သူနာပြုတစ်ယောက်ဖြစ်လာမယ့်ကိစ္စကလွယ်မှမလွယ်ပဲ သူကအစကတည်းက ပညာမတက်တော့ ပိုလို့တောင်မဖြစ်နိုင်သေး မဟုတ်ဘူးလား အလကားနေ စိတ်ပူမနေပါနဲ့အန်တီရယ်"
ရွှေစံသူကအေးဆေးသာပြောနေပေမယ့် သူ့စိတ်ထဲမှာလဲ အနည်းငယ်တော့ထိပ်လန့်နေမိသည်။ အကယ်၍ ဒေါ်ယုယခင်ပြောသလို ငြီးငွေ့ဖွယ်က သူနာပြုတစ်ယောက်ဖြစ်နေခဲ့ရင်....
အတွေးတို့ဝင်လာတော့ တစ်ကယ်စိတ်ထဲနေလို့မကောင်းပေ။
"သမီးစံ အခုအိမ်ကိုပဲပြန်မှာမဟုတ်လား"
"ဟုတ်အန်တီ အိမ်ပဲပြန်ကျမယ်လေ ညဘက်မှ စံပြန်လာခဲ့မယ်"
"ဒါဆိုလဲသွားရအောင်"
"ဟုတ်ကဲ့..."
ရွေစံသူနဲ့ဒေါ်ယုယခင်ဆေးရုံထဲမှထွက်သွားသည်ကို နံရံအကွယ်ကနေ ဖွယ်ကြည့်နေမိပြီး ပြုံးလိုက်မိသည်။
အစက ဖွယ့်မျက်နှာကိုမပြဘူးလို့တွေးထားပေမယ့် သူတို့လန့်အောင် တမင်ပြလိုက်ခြင်းပင်။
အခုတော့ ဦးခမ်းကိုပြန်ခေါ်ဖို့သာကျန်တော့သည်မို့။
>>>>>
"မနွယ်...တေးသီကိုလေတစ်ခုလောက်ကူညီပါ့လားဟင်"
"ပြောလေတေးသီ မနွယ်ကူညီနိုင်တာဆို ကူညီပါ့မယ်"
"ဟိုလေ VVIPအခန်းကိုလေ ဒီနေ့တစ်နေကုန် တေးသီတာဝန်ယူလို့ရမလား ညဂျူတီအထိပါလေ"
"ညအထိဆိုဖြစ်ပါ့မလား"
"ဟို မချစ်စုကို မနွယ်ပြောပေးလေနော်"
BẠN ĐANG ĐỌC
ဦးအမုန်းများရပ်ဆိုင်းပေးပါ
Lãng mạnဦးသိရဲ့လား ဖွယ်ကလေ ဦးကိုသေမလောက်ချစ်တာ ဒါကြောင့်ဦးရဲ့အမုန်းတွေ အငြိုးတွေကို ဒီလောက်နဲ့ ရပ်ဆိုင်းပေးပါလားဟင်!!...