ဦးအမုန်းများရပ်ဆိုင်းပေးပါ{part 8}

3.3K 109 0
                                    

ဦးအမုန်းများရပ်ဆိုင်းပေးပါ

#အခန်း၈#

"ဦး...အရမ်းမူးနေပြီ ဦးအိပ်လိုက်တော့နော်"

ရီဝေစွာသူ့ကိုကြည့်နေတဲ့ဦးခမ်းကို အိပ်ရန်အတွက် ဖွယ်ပြောလိုက်သည်။

"မေမေ့ကြောင့် နာကျင်ခဲ့ရတာကို ကိုယ်တောင်းပန်ပါတယ်"

"ဟင့်အင်းဦး...မတောင်းပန်ပါနဲ့ ဖွယ်အဆင်ပြေပါတယ် တစ်ကယ်ဆို ဦးကသာအဆင်မပြေဖြစ်ခဲ့မှာ ဦးသိပ်နာကျင်ခဲ့ရမှာပေါ့...ဦးချစ်ရတဲ့သူကို ရှေ့မှာတင် ဆုံးရှုံးလိုက်ရလို့ ဦးသိပ်နာကျင်နေမှာပေါ့...ဖွယ်က မမနှင်းပန်းနာကျင်ခဲ့ရတာနဲ့စာရင် ဘာမှမပြောပလောက်"

ဖွယ့်စကားလေးများကိုဆုံးအောင်ပြောခွင့်မပေးပဲ ဦးရဲ့နှုတ်ခမ်းထူထူလေးက ဖွယ့်နှုတ်ခမ်းထက်ကျရောက်လာ၏။ ဖွယ် မျက်ဝန်းများကိုမှိတ်စက်ရင်း ဦးရဲ့အနမ်းများကို ကြည်ဖြူစွာလက်ခံလိုက်ပါသည်။

"အရမ်းကိုဖြူစင်ရိုးသားပြီး စိတ်ထားကောင်းတဲ့ကလေးရယ် ကိုယ်မင်းကိုတောင်းပန်ပါတယ် ကိုယ့်မေမေ့အစားရော ကိုယ်မင်းကိုမဆီမဆိုင်အငြိုးထားခဲ့ဖူးတာရောကြောင့် ကိုယ့်တောင်းပန်ပါတယ်...မင်းမျက်ဝန်းလေးတွေကို ကိုယ်နှင်းပန်းနဲ့သူလို့ စတင်သဘောကျခဲ့မိပေမယ့် ကိုယ်မင်းကိုချစ်တာတစ်ကယ်ပါ..."

"ဖွယ် ဦးကိုယုံပါတယ်....သခင်မကြီးဖွယ့်ကိုဘယ်လိုပဲနှိပ်စက်ပါစေ ဖွယ့်ကိုကာကွယ်ပေးမယ့်ဦးရှိရင် ဖွယ်ရင်ဆိုင်ရဲပါတယ်ဦးရယ်"

"စိတ်ချပါဖွယ်ရယ် မင်းဘက်မှာကိုယ်အမြဲရှိနေမှာပါ"

ဒီညလေးကိုတော့ ဖွယ်တို့နှစ်ဦးရဲ့ ပထမဆုံး မင်္ဂလာဦးညလေးအဖြစ် ဖြတ်သန်းခဲ့ကျသည်။အသစ်စက်စက်ရင်ခုန်သံများနဲ့အတူ အခန်းလေးထဲမှာ နှစ်ယောက်ထဲကမ္ဘာလေးဖန်တီးရင်း.....

>>>>>>

"အန်တီ မငိုပါနဲ့တော့အန်တီရယ် စံက ဦးခမ်းကို သေချာလေးပြောလိုက်ပါ့မယ်"

ညကတည်းက ခမ်းပြောခဲ့သည့်စကားများကြောင့် ဒေါ်ယုယခင်ဝမ်းနည်းတကြီးဖြင့် တစ်ညလုံးငိုနေခဲ့သည်။ရွှေစံသူက ဘေးနားလာထိုင်ကာ သူ့လက်ကိုဆုပ်ကိုင်ရင်း နှစ်သိမ့်ပေးနေသည်။

ဦးအမုန်းများရပ်ဆိုင်းပေးပါWhere stories live. Discover now