ဦးအမုန်းများရပ်ဆိုင်းပေးပါ
#အခန်း၇#
ဦးခမ်းအပြောကြောင့် နဂိုရှက်နေတဲ့ဖွယ် ပို၍ရှက်ကာ ခေါင်းလေးငုံ့လိုက်သည်။ဦးခမ်းရဲ့ အကြည့်စူးစူးများကိုလဲ အကြာကြီးရင်မဆိုင်ရဲပါ။
"ဒီနေ့ကစပြီး မင်းကိုထိခိုက်စေမယ့်ဘယ်အရာမဆို မင်းဆီမရောက်အောင် ကာကွယ်ပေးပါ့မယ် မေမေကိုယ်တိုင်တောင်မင်းကို ထိခိုက်အောင်မလုပ်စေရဘူးလို့ ကတိပေးတယ်"
ဦးခမ်းရင်ခွင်ထဲမျက်နှာလေးဝှက်နေရင်း ဦးခမ်းစကားကြောင့် မော့ကြည့်မိသည်။
"ဘာလို့လဲဟင်!!...."
"ဘာကိုလဲ..."
"ဦးခမ်းကဖွယ့်ကိုမုန်းတယ်ဆို ဘာလို့ကာကွယ်ပေးရတာလဲ"
ကာကွယ်ပေးမယ်ဆိုပြန်တော့လဲ သူမကမေးခွန်းပြန်မေးလာပြန်သည်။ခမ်း သူမကိုပြုံးကြည့်လိုက်ရင်း
"မင်းကမမုန်းဖို့တောင်းဆိုခဲ့တယ်လေ မင်းလိုအပ်နေတဲ့ မေတ္တာတရားကိုအခုကစပြီးပေးတော့မလို့လေ"
"ဖွယ့်ကိုဘယ်လိုမေတ္တာတရားပေးမှာလဲဟင်!!..."
မျက်တောင်လေးပုတ်ခက် ပုတ်ခက်လုပ်ရင်း မေးနေသဖြင့် ခမ်း သူမကို မျက်တောင်မခက်တမ်းပြန်စိုက်ကြည့်ကာ
"မင်းကကိုယ်လက်ထပ်ယူထားတဲ့ကိုယ့်ဇနီးဖြစ်လို့ ကိုယ်ကဇနီးတစ်ယောက်ကိုပေးတဲ့မေတ္တာမျိုးကိုပေးမှာပေါ့"
"ဒါဆို ဦးခမ်းက ဖွယ့်ကိုမမုန်းတော့ဘူးပေါ့နော်"
"တစ်လောကလုံးမင်းကိုမုန်းနေရင်တောင် ကိုယ်မင်းကိုပဲချစ်သွားမယ်"
ခပ်တင်းတင်းပွေ့ဖက်ရင်းပြောလိုက်တဲ့ဦးခမ်းစကားကြောင့် ဖွယ့်ရင်ခုန်သံတွေဟာအဆပေါင်းများစွာခုန်လာရသည်။
"မင်းသိလားဖွယ် မင်းကငါ့ကိုသနားအောင်လုပ်ခဲ့ရုံတင်မကဘူး ငါ့နှလုံးသားလေးကိုပါခုန်အောင်မင်းလုပ်နိုင်ခဲ့တယ် ငါမင်းကိုသနားလို့ချစ်တာလား ချစ်လို့သနားတာလားငါမသိဘူး အချိန်တိုလေးအတွင်းမှာတော့ငါမင်းကိုချစ်မိနေပြီ မင်းကဒုတိယအကြိမ်ငါ့ရင်ထဲကိုဝင်ရောက်လာပြီး ငါ့နှလုံးသားလေးကိုပြန်လည်ရှင်သန်စေခဲ့တဲ့သူပါ"
ŞİMDİ OKUDUĞUN
ဦးအမုန်းများရပ်ဆိုင်းပေးပါ
Romantizmဦးသိရဲ့လား ဖွယ်ကလေ ဦးကိုသေမလောက်ချစ်တာ ဒါကြောင့်ဦးရဲ့အမုန်းတွေ အငြိုးတွေကို ဒီလောက်နဲ့ ရပ်ဆိုင်းပေးပါလားဟင်!!...