ဦးအမုန်းများရပ်ဆိုင်းပေးပါ
#အခန်း၁၆#
အချိန်တွေဟာတစ်ရွေ့ရွေ့ကုန်ဆုံးသွားခဲ့ပြီ။ ရက်မှလ၊ လမှနှစ်သို့စားကာ ၄နှစ်ဆိုတဲ့အချိန်ကိုကျော်လွန်ခဲ့လေပြီ။
"၁၂လွှာမှာရှိတဲ့လူနာလေ ၄နှစ်ကျော်နေပြီ အခုထိသတိမရသေးဘူး သနားတော့သနားပါတယ် လူနာကိုသနားပေမယ့် လူနာရဲ့အမျိုးသမီးကိုတစ်စက်မှကြည့်မရဘူး မျက်နှာကမာရေကြောရေနဲ့ သူ့လုပ်စာထိုင်စားနေတဲ့မျက်နှာထားနဲ့ လူနာရဲ့အမေကောပဲ"
သူနာပြုမလေးက နဖူးမှချွေးစများကိုသုတ်ရင်း ငြီးငြူပြောဆိုနေသည်။
"အဲ့ဒီလူနာအကြောင်းကို အပြင်မှာမပြောရဘူးလို့ ဆေးရုံအုပ်ကမှာထားတယ်လေ တော်ကြာသိသွားရင် နင်ဖြုတ်ခံနေရမယ်"
သတိပေးလာသည့် သူနာပြုခေါင်းဆောင်ရဲ့စကားကြောင့် တိတ်သွားရသည်။
"ဒီညဂျူတီက အဲ့ဒီအခန်းမှာကျမှာ နည်းနည်းတော့စိတ်ညစ်တယ် အဲ့ဒီလူနာရဲ့မိန်းမကသိပ်အော်တာပဲ"
စိတ်ညစ်စွာဖြင့်ပြောနေသည့် သူနာပြုမလေးကို သူနာပြုခေါင်းဆောင်က ပြုံးပြ၍ ပုခုံးကိုဆုပ်ကိုင်လိုက်ကာ
"လူနာကိုသေချာဂရုစိုက်ပေးလိုက်ပါ..ကဲ ခဏနေဂျူတီဝင်ရတော့မယ်မဟုတ်လား အဆင်သင့်လုပ်ထားတော့နော် ရော့ အချဥ်ထုတ် ည အိပ်ငိုက်ရင်စားဖို့"
"ဟာ မနွယ်ကတော့ချစ်ဖို့ကောင်းနေရောပဲ"
သူနာပြုခေါင်းဆောင်ထွက်သွားသည်နှင့် ထိုသူနာပြုမလေးနားသို့ အလုပ်သင်သူနာပြုမလေးတစ်ယောက်ရောက်လာ၏
"မချစ်စု ဒီညဂျူတီလဲမလား..."
"ဟင် ဘယ်ဖြစ်မလဲ တေးသီရယ် တေးသီကအခုမှ အလုပ်စဝင်တာ တစ်လကျော်ပဲရှိသေးတာလေ ပြီူတော့ ဒီညဂျူတီက VIPတောင်မဟုတ်တဲ့VVLPဖြစ်နေလို့ကိုမဖြစ်တာ နော် နောက်ရက်မှဂျူတီလဲမယ်နော်"
"ဟုတ်ပါပြီ မချစ်စုရယ် တေးသီကမသိလို့ပါ"
တေးသီဖြေလိုက်ပေမယ့် စိတ်ထဲနေလို့မကောင်း တေးသီကဒီဆေးရုံမှာ သူနာပြုအဖြစ်အလုပ်ဝင်တယ်ဆိုတာက အဲ့ဒီ VVIPဆိုတဲ့လူနာရဲ့အခန်းကိုသွားရဖို့အဓိကဖြစ်တာကြောင့်ပင်။အခုတော့ တေးသီရဲ့ရည်ရွယ်ချက်က ပျက်သွားရပြန်ပြီ။
YOU ARE READING
ဦးအမုန်းများရပ်ဆိုင်းပေးပါ
Romanceဦးသိရဲ့လား ဖွယ်ကလေ ဦးကိုသေမလောက်ချစ်တာ ဒါကြောင့်ဦးရဲ့အမုန်းတွေ အငြိုးတွေကို ဒီလောက်နဲ့ ရပ်ဆိုင်းပေးပါလားဟင်!!...