ဦးအမုန်းများရပ်ဆိုင်းပေးပါ{part 5}

3.5K 110 1
                                    

ဦးအမုန်းများရပ်ဆိုင်းပေးပါ

#အခန်း၅#

ဦးခမ်းရဲ့အသံက ပြက်သားစွာထွက်ပေါ်လာပြီးနောက် ဖွယ့်လက်ကလေးကိုပါ ခပ်ကြမ်းကြမ်းဆွဲလိုက်ရင်း သူ့ခန္ဓာကိုယ်ရဲ့အနောက်ကိုပို့လိုက်၏

"မင်းက..."

"ခင်ဗျားကြောင့်သေသွားရတဲ့ ထည်ရဲ့ညီလေ ခင်ဗျားမမှတ်မိဘူးလား ဦးနေမင်းမာန်"

"မင်း...မင်းက ခမ်းလား"

"ဟုတ်တယ် အခုခင်ဗျားရဲ့သမီးကိုကျုပ်လက်ထပ်ထားတယ် ကျုပ်သိပ်ချစ်လို့တော့မဟုတ်ဘူးနော် ခင်ဗျားကိုလက်စားချေဖို့"

"ဟင်..."

ထင်မှတ်မထားသည့်စကားကြောင့် သူ့အနောက်မှာရောက်နေသည့်ဖွယ် မျက်လုံးလေးအဝိုင်းသားဖြစ်သွားရသည်။

အခုဖြစ်နေတဲ့အခြေနေတွေကို ဖွယ်ဘယ်လိုမှနားမလည်နိုင်တော့ပေ။ဘာတွေကဘယ်လိုဖြစ်ကုန်တာလဲရ ဦးခမ်းပြောနေတဲ့စကားကရောဘာလဲ ဒီဦးလေးကရောဘာလို့ ဖွယ့်ဖေဖေလို့ပြောနေရတာလဲ ဖွယ် ဘာမှနားမလည်နိုင်တော့ပါ။

"ဦး...ဦးက တစ်ကယ်ပဲ"

"မင်းပါးစပ်ကိုခဏလောက်ပိတ်ထားနိုင်မလား ငြီးငွေ့ဖွယ် အခုငါစကားပြောနေတာမို့ မင်းအငြိမ်နေရင်ကောင်းမယ်"

ဒေါသတကြီးဖြင့် ဖွယ်ရှိရာဘက် လှည့်လာ၍ပြောလိုက်သဖြင့် ဖွယ် အသံပင်မထွက်ရဲတော့ပါ။ဦးမျက်နှာဟာ နီမြန်းနေပြီး မျက်ဝန်းများဟာလဲ မီးများတောက်နေသလိုဖြစ်နေ၏

"ခမ်း မင်းကပါ ကလေးကိုနှိပ်စက်နေတာလား"

ခမ်းအနောက်က သနားစရာကလေးမလေးကို မင်းမာန်လှမ်းကြည့်ရင်းမေးလိုက်သည်။

"နှိပ်စက်ရတဲ့အကြောင်းရင်းက ခင်ဗျားပဲလေ ဦးနေမင်းမာန်"

"မင်းတို့တွေကယောကျာ်းမဟုတ်ဘူးလား ငါနဲ့မကျေနပ်တဲ့ကိစ္စဆိုရင် ငါနဲ့ပဲရှင်း သမီးနဲ့မဆိုင်ဘူး"

"ခင်ဗျားနဲ့လဲရှင်းမှာပါ ဒီနေ့ပါတီပွဲမှာ အခြားနိုင်ငံခြားသားတွေကောပါနေတာမို့ ခင်ဗျားသက်သာသွားတယ်မှတ် တစ်နေ့ကျ ကျုပ်တို့ပြန်တွေ့ကျတာပေါ့ ...လာ ငြီးငွေ့ဖွယ် သွားမယ်"

ဦးအမုန်းများရပ်ဆိုင်းပေးပါDonde viven las historias. Descúbrelo ahora