ဦးအမုန်းများရပ်ဆိုင်းပေးပါ
#အခန်း၁၃#
"ကိုယ်မင်းကိုသွားခွင့်မပြုနိုင်ဘူး ဖွယ်"
အားလုံးထွက်သွားချိန်မှ ဦးက ဖွယ့်ကိုမသွားရန် တားလာသည်။ဖွယ် နှုတ်ခမ်းတို့ကို အသာမဲ့လိုက်ရင်း ဦးကိုကြည့်လိုက်သည်။
"ဦးခမ်းဆီက ခွင့်ပြုချက်မလိုဘူး"
"ဖွယ် မင်းဘာလို့ကိုယ့်အပေါ်ကို သူစိမ်းတစ်ယောက်လိုဆက်ဆံနေရတာလဲ"
"ဦးခမ်းနဲ့ဖွယ်က ဘာမှမတော်စပ်တာမို့ သူစိမ်းတွေပဲလေ"
ဖွယ် ပြန်ဖြေရင်း မျက်နှာကိုတစ်ဖက်သို့လွှဲလိုက်၏
"ဘာ!!..ဖွယ် မင်း...မင်းဘာလို့အဲ့လိုပြောရတာလဲ ကိုယ်မင်းကိုဘယ်လောက်ထိချစ်လဲဆိုတာမင်းမသိဘူးဆိုရင်တောင် အခုလိုမျိုးတော့ မပြောသင့်ဘူးကွ"
ဦးခမ်းရဲ့အသံကအနည်းငယ်တုန်ယင်အက်ကွဲနေကာ ငိုသံများရောစွက်နေသည်။
*ဦး ငိုနတောလား*
စိတ်ထဲမှာ စိုးရိမ်စိတ်ကကြီးစိုးသွားကာ ပြန်ကြည့်မိတော့ ဟုတ်ပါရဲ့ ဦးကငိုနေတာပဲ။
"ကိုယ့်အပေါ်ကိုဘာလို့အခုလိုအေးစက်သွားရတာလဲ ဘာလို့သူစိမ်းဆန်သွားရတာလဲကွာ ကိုယ်မသိလိုက်တဲ့အမှားတစ်ခုခုများလုပ်မိလိုက်လို့လား ဟင်"
ပုခုံးနှစ်ဖက်ကိုအသာဆုပ်ကိုင်ရင်းဖြင့် မျက်ရည်များပါးပြင်ပေါ်စီးကျနေကာ မေးနေပုံက သူလုပ်ထားသည်ကို ဘာမှမသိတဲ့ပုံမျိုးဖြင့်။
"ဦးခမ်း ဖွယ့်ကိုဒီလောက်ပဲနှိပ်စက်ပါတော့ ဖွယ်..."
"မင်းကို ကိုယ်ဘာများနှိပ်စက်နေလို့လဲ ကိုယ်မင်းကို သိပ်ချစ်တာလေ"
"ဟင့်အင်း ဦးခမ်းညာနေတာ ဦးခမ်းဟန်ဆောင်နေတာ အင့်...ဦးခမ်းက..ဦးခမ်းက အင့်..ဖွယ့်ကိုမချစ်ဘူး"
ပြောရင်း တအင့်အင့်ရှိုက်ငိုလိုက်တဲ့သူမကြောင့် ခမ်း ပျာယာခက်သွားမိသည်။
"မငိုပါနဲ့ဖွယ်ရယ် မငိုပါနဲ့ ကိုယ်မင်းကိုသိပ်ချစ်တာပါကွာ"
YOU ARE READING
ဦးအမုန်းများရပ်ဆိုင်းပေးပါ
Romanceဦးသိရဲ့လား ဖွယ်ကလေ ဦးကိုသေမလောက်ချစ်တာ ဒါကြောင့်ဦးရဲ့အမုန်းတွေ အငြိုးတွေကို ဒီလောက်နဲ့ ရပ်ဆိုင်းပေးပါလားဟင်!!...