ဦးအမုန်းများရပ်ဆိုင်းပေးပါ{part 14}

2.6K 83 0
                                    

ဦးအမုန်းများရပ်ဆိုင်းပေးပါ

#အခန်း၁၄#

"ကိုယ်ကအသုံးမကျခဲ့လို့ နှင်းပန်းကိုသေစေတဲ့အထိဖြစ်ခဲ့ရတယ် ကိုယ်က မကာကွယ်နိုင်လိုက်လို့ နှင်းပန်းကိုဆုံးရှုံးခဲ့ရတယ် ကိုယ်သာအဲ့အချိန်က နှင်းပန်းကိုအပြည့်အဝကာကွယ်ပေးနိုင်ခဲ့ရင် နှင်းပန်းအခုလိုဖြစ်မှာမှာမဟုတ်ဘူး။နှင်းပန်းအခုလိုဖြစ်သွားရတာ ကိုယ့်ကြောင့်...ကိုယ့်ကြောင့်ပါကွာ ကိုယ်ကအသုံးမကျတဲ့ကောင် သုံးစားမရတဲ့ကောင် အခုလဲ ကိုယ်ကသတ္တိမရှိတဲ့ကောင် နှင်းပန်းနောက်ကိုကိုယ်မလိုက်ခဲ့နိုင်ဘူး ကိုယ် သူမလေးကိုကာကွယ်ပေးရမယ် နှင်းပန်လိုမဖြစ်အောင် ကိုယ်ကာကွယ်ပေးရအုံးမယ် ကိုယ့်ကိုခွင့်လွှတ်ပါနှင်းပန်းရယ် "

ခမ်း နှင်းပန်းရဲ့ဟောင်းနွမ်းနေသောအုတ်ဂူလေးရှေ့ ဒူးထောက်ထိုင်ချလိုက်ရင်း ရှိုက်ကြီးတငင်ငိုကြွေစနေလိုက်မိတာအချိန်အတော်ကြာ။

"မငိုပါနဲ့...ခမ်းရယ် မငိုလိုက်ပါနဲ့ နှင်းပန်းအဆင်ပြေပါတယ် ခမ်း အဲ့ကောင်မလေးကိုကာကွယ်ပေးလိုက်ပါ နှင်းပန်းကိုတောင်းပန်စရာမလိုပါဘူး ခမ်းရဲ့ပျော်ရွှင်မှု့ကိုတွေ့သွားလို့ နှင်းပန်းကျေနပ်ပါတယ် နှင်းပန်းလိုအဖြစ်မျိုးမဖြစ်အောင် ခမ်းကာကွယ်ပေးရမယ်နော် နှင်းပန်းဒီနေ့ကိုစောင့်နေခဲ့တာ အမှန်တရားတွေကိုခမ်းသိမယ့်တစ်နေ့ရောက်အောင် နှင်းပန်းဘယ်ကိုမှမသွားပဲစောင့်နေခဲ့တာပါ"

သူ့ဘေးနားကနေအတူထိုင်ကာ စကားများပြောနေသည့် နှင်းပန်းရဲ့အသံကိုတော့ ခမ်းတစ်ယောက် ကြားနိုင်မည်မထင်ပါ။

"ကိုယ်ဘာမှလဲမသိခဲ့လို့တောင်းပန်ပါတယ် နှင်းပန်းရယ်"

နှင်းပန်းခေါင်းကိုငြိမ့်ပြကာ ခမ်းနဲ့အတူငိုကြွေးမိပါသည်။နှင်းပန်း ခမ်းကိုထိတွေ့လို့လဲမရသလို နှင်းပန်းရဲ့အသံကိုလဲ ခမ်းကမကြားနိုင်ပါ။နှင်းပန်းဟာ ခမ်းမမြင်တွေ့နိုင်တဲ့ ဝိဥာဥ်အဖြစ်သို့ကူးပြောင်းခဲ့ရပြီးပြီလေ။ ဒီနေရာကနေထွက်သွားဖို့အတွက် နှင်းပန်းရဲ့သေဆုံးမှု့အမှန်တရားကို ခမ်းသိလာမယ့်တစ်နေ့အထိစောင့်နေခဲ့ရတာ အခုတော့ နှင်းပန်းဒီနေရာကနေ ထွက်သွားလို့ရပြီ ဒီနေရာကနေ နှင်းပန်းစိတ်ချလက်ချနဲ့ ထွက်သွားနိုင်တော့မည်။ နှင်းပန်းထက်ခမ်းကိုချစ်ပေးနိုင်မယ့်သူကို ခမ်းတွေ့သွားခဲ့ရလို့လဲ နှင်းပန်းစိတ်ချလက်ချထွက်သွားနိုင်တာပါ။

ဦးအမုန်းများရပ်ဆိုင်းပေးပါOpowieści tętniące życiem. Odkryj je teraz