အခန်း(၀၁)

124 5 5
                                    


                                  (ခရီးဦးစအကြို)

၂၀၁၄ခုနှစ်၊ စက်တင်ဘာလ

“ဟူး….ပူလိုက်တာ….”

ရွာကတည်းက ရင်ခွင်ထဲပိုက်လာသော ခရီးဆောင်အိတ်ကြီးကို ဘုတ်ခနဲပစ်ချလိုက်ပြီး ရထားလမ်း ဆင်း အုတ်လှေကားပေါ်တွင် ပစ်စလတ်ခတ် ထိုင်ချလိုက်သည်။ ပါလာသောရေဘူးကို ဖိတ်စင်တစ်ဝက် မော့သောက်လိုက်သောအခါ ပါးစပ်မှ လျှံကျလာသော ရေတို့က ရင်ဘတ်အထိ စီးသွားလျှင် အမောတစ်ဝက် ပြေသွားသည်ဟု အောက်မေ့မိသည်။

“ရထားက ဘယ်အချိန်လာမှာလဲ… အစ်ကို့”

“တစ်နာရီလောက်ဆို လာမှာပါ….. မောပြီလားကွ”

“မောတာပေါ့….”

“မမောနဲ့ဦး ငယ်လေးရေ…. မောတယ်လို့ ညည်းချင်ရင် မနက် ရထားပေါ်က ဆင်းမှသာညည်း”

အစ်မယောက်ျား ကိုနောင်ညိုရဲ့စကားကို ပြန်မချေပဘဲ ဘေးဘီဝဲယာကို ကြည့်နေမိသည်။

စိုးနိုင်ထိုင်နေသော အနောက်ဘက်နားတွင် ရွာထောင်ဘူတာ ဟူသည့် ဆိုင်းဘုတ်ကြီးရှိသည်။ ထိုနေရာ အုတ်ခုံပေါ်တွင်လည်း စိုးနိုင်တို့လို ခရီးသွားတွေရှိသည်။ သူတို့လည်း စိုးနိုင်ရည်မှန်းချက်လို လောပန်း ဖြစ်ရန် ဖားကန့်သို့ ကျောက်တူးသွားတာဖြစ်ပေမည်။ သူတို့ကတော့ကြည့်လိုက်သည်နှင့် ခရီးတွေကို ကျင် လည်ကျက်စားစွာ ထွက်နေခဲ့ဟန်ရှိသည်။

ရွာကလူတွေကရော် ဘာထူးသေးလဲ။ ရွာမှာ စိုးနိုင်ထက်ကြီးတဲ့ လူငယ်တွေတော်တော်များများ ထိုင်း၊ တရုတ်၊ မလေးရှား၊ ဖားကန့်၊ မန္တလေး၊ စတဲ့နေရာ အနှံ့အပြားတွေမှာ သူ့ဘဝ ကိုယ့်ဘဝ သူ့စေနှင်ရာနဲ့အတူ သွားလာလှုပ်ရှား ရုန်းကန်နေခဲ့ကြတာချည်းပါပဲ။

စိုးနိုင်ရဲ့ အစ်ကိုတစ်ယောက်က ထိုင်းမှာဖြစ်ပြီး၊ နောက်တစ်ယောက်က ရွှေလီ၊ အစ်မကတော့ ရွာမှာ အိမ်ထောင်ခွဲပင်။ ယခု စိုးနိုင်အသက် ၁၇နှစ် ရောက်လာပြီး ဆယ်တန်းအောင်သည့်နှစ်မှာပါပဲ အများနည်းတူ ရပ်ရွာထုံးစံအတိုင်း အစ်မအမျိုးသားနှင့်အတူ ဖားကန့်သို့ လိုက်လာခဲ့ခြင်းဖြစ်ပါသည်။

ဘဝတစ်ကွေ့မှာ...Where stories live. Discover now