အခန်း(၂၅)

17 2 0
                                    

လွမ်းမောစရာ နောက်ဆုံး

“အားလုံးပြီးဆုံးသွားတော့…. ရင်တစ်လုံး… ကြေသွားလား….. ကိုယ်ချင်းစာပါတယ်…. အို… သူငယ် ချင်း…. သိပ်မဆန်းဘူး… ရှေ့ဆက်ပြီးတော့ တွေ့ကြရမှာပဲ… ဆုံးရှုံးခြင်းက… ဒို့တစ်တွေ ပြေးမလွတ်နိုင်….. မောပန်းလွန်းတဲ့ မင်းရဲ့လိပ်ပြာလေး…. ဖြေသိမ့်လိုက်…..”

ဦးရှမ်းရဲ့ လက်ချောင်းတွေသည် ကြက်သွေးရောင် ဂစ်တာပေါ်ရှိ ကြိုးတန်းတွေပေါ်မှာ လှပစွာ  လှုပ်ရှားနေသည်။ စိုးနိုင်ရဲ့ မျက်နှာကို စေ့စေ့ကြည့်ပြီး ဖြေသိမ့်လိုက်သီချင်းကို Mood ပါပါ သီဆိုနေသည်မှာ နားထောင်၍ အလွန်ကောင်းသော်လည်း စိုးနိုင်မှာတော့ ရင်ကွဲမတံ့ ခံစားနေရပါသည်။

ဘယ်လောက်ထိပဲ ဖြေသိမ့်ခိုင်း ဖြေသိမ့်ခိုင်း စိုးနိုင် မဖြေသိမ့်နိုင်ပါ။ သီဆိုနေရင်း မျက်ရည်တွေ ကျလာတော့ ဦးရှမ်းက ‘မငိုနဲ့’ဆိုသည့် ပုံဖြင့် ခေါင်းကို ရမ်းပြသော်လည်း ဦးရှမ်းရဲ့ မျက်ဝန်းမှာလည်း မျက်ရည်တွေ ဝေလို့နေသည်။

ဦးရှမ်းက တိုင်းရင်းသားပီပီ ဂစ်တာတီးလည်းကျွမ်းကျင်နေတာ စိုးနိုင် အခုမှ သိရသည်။ အခုလို သိလိုက်ရတော့ နောင်တစ်ချိန် ပိုလွမ်းစရာ ဖြစ်လာတော့မည်။ မခွဲချင်ဘူး ဦးရှမ်း။ ကျွန်တော် ဦးရှမ်းနဲ့ပဲ နေချင်တယ်။

“ကံကြမ္မာဆိုတာက… ချိုတစ်လှည့်… ခါးတစ်လှည့်… ခုလည်း ဒီလိုပေါ့… အောင်မြင်လိုက်…. ရှုံးနိမ့်လိုက်… လဲကျတဲ့ခိုက် ကွဲခဲ့တဲ့ မင်းနှလုံးသား…. အက်ကြောင်းလေးက အမြဲတမ်း အမှတ်တရပေါ့…. ဆက်လျှောက်ရမယ့် မင်းရဲ့ဘဝအသစ်တွက်…. ဖြေသိမ့်လိုက်….”

စိုးနိုင်သည် ဦးရှမ်းနဲ့ ပတ်သက်နေလျှင် အချိုတွေပဲ ရှိချင်သည်။ အောင်မြင်မှုတွေပဲ လိုချင်သည်။ စိုးနိုင် အသည်းမကွဲချင်ပါ။ အမှတ်တရ အက်ကြောင်းတွေ၊ ကွဲကြောင်းတွေလည်း မလိုချင်။ ဟင့်အင်း… ဟင့်အင်း…။ စိုးနိုင် ဘာကိုမှ ထပ်ပြီး မခံစားချင်တော့ဘူး။

ကောင်းကင်က လမင်းသည် စိုးနိုင်တို့ရဲ့အပေါ်တည်တည့်မှာ ထိန်ထိန်ညီးနေသည်။ နောင်တစ်ချိန် ထိုလမင်းကြီးကို ငေးစိုက်ကြည့်ပြီး ဦးရှမ်းနာမည်ကို ရေရွတ်ရင်း လွမ်းရဦးမည်။ ပန်းရနံ့တွေပါလာတဲ့ လေပြေတိုးတိုင်းလည်း နာကျင်ရဦးမည်။ တိမ်လိပ်တိမ်ဆိုင်တွေသည် လေနှင်ရာ မျောလွင့်နေကြ၏။ သူတို့ ဘယ်အထိ မျောလွင့်ကြမှာလဲ။ စိုးနိုင်ကရော် ဦးရှမ်းနှင့် ဘယ်လောက်ကြာကြာခွဲရမှာလဲ။

ဘဝတစ်ကွေ့မှာ...Donde viven las historias. Descúbrelo ahora