အခန်း(၂၂)

18 4 0
                                    

သည်ပုတ်ထဲကသည်ပဲ

“ဦးရှမ်း ဘယ်လဲ၊ ဘာလို့ ကျူတောထဲဆင်းလာတာလဲ”

ဥရုချောင်းစပ်က ကျူတောထဲသို့ဆင်းလာတော့ စိုးနိုင်က ဦးရှမ်းနောက်ကျောကို တဆတ်ဆတ် ထုလိုက်ပြီး မေးလျက် အောက်သို့ ခုန်ဆင်းချလိုက်သည်။ စက်ရုံဆီမှ မီးရောင်ပျပျကလေးနှင့် ကောင်းကင်က ကြယ်ရောင်တွေကြောင့် လူတစ်ကိုယ်စာသွားသာရုံ လမ်းကျဉ်းလေးကို တန်းတန်းလျှောက်နိုင်သည်။ ကြောက်စိတ်၊ စိုးရိမ်စိတ်တို့ လုံးထွေးပြီး တောင်ကြည့်မြောက်ကြည့်ဖြင့် ဦးရှမ်းလက်ကိုလည်း ဆွဲထားရသည်။

“ဘာလာလုပ်တာလဲ၊ သည်လောက်မှောင်မည်းနေတာကို”

ဘာမှကြောက်မနေနဲ့၊ မင်းတို့ဘက်မြေပြန့်လို သည်ဘက်က ဘာမြွေမှမရှိဘူး”

ဦးရှမ်းက မကြောက်နဲ့ဆိုသော်လည်း စိုးနိုင်ကတော့ ကြောက်၏။ သည်ထဲကို ဘာလာလုပ်သည် မပြောသေးတော့ ပို၍ပင်စိုးပါသည်။ ကျူပင်တွေသည် လေတိုး၍ တဟူးဟူး ယိမ်းနွဲ့မြည်ဟည်းနေသည်။ ကျူ ပင်တွေကို ဖြတ်ပြီး ကိုင်းတောထဲသို့ တဖန်ရောက်ရပြန်သည်။

နှစ်ယောက်သား ဘာမှမပြောဘဲ တိတ်တဆိတ်သာ လျှောက်လာနေသည်။ သဲပြင်ကျယ်သည့် နေရာ ကလေးရောက်တော့ ဦးရှမ်းသည် စိုးနိုင်ဘက်သို့ ဗြုန်းခနဲလှည့်လိုက်ပြီး နှုတ်ခမ်းကို စွက်ခနဲ တစ်ချက်လာ နမ်းသည်။ လန့်သွားသော စိုးနိုင်မှာတော့ ခန္ဓာကိုယ်လေး နောင်သို့ လန်သွားလေ၏။

“ထိုင်… မင်ကို ဘာမှမလုပ်ဘူး”

ပြောရင်း စိုးနိုင်လက်ကိုဆွဲကာ ထိုင်ချလိုက်သည်။ ထို့နောက် သူ့ရဲ့ရှမ်းဘောင်းဘီဘေးထိုးထဲမှ လက်ဖက်ရည်ဆိုင်က အမ်းလိုက်သော ငွေနှစ်ထောင်အလိပ်လေးကိုထုတ်လိုက်ပြီး ထိုပိုက်ဆံအလိပ်ထဲမှ တစ်စုံတစ်ခု ပါလာတာကို   စိုးနိုင်သိလိုက်ရသည်။

စိုးနိုင်သည် ဦးရှမ်းလုပ်နေသမျှကို စေ့စေ့ကြည့်နေရင်း ဘာမှလည်း မပြောဖြစ်ဘဲ စိတ်မရှည်သလိုသာ နေနေလိုက်၏။ အမှောင်ထဲမှာ အသားကျသွား၍လားတော့မသိ။ ပတ်ဝန်းကျင်ကို ရှင်းရှင်းမြင်လာရသည်။ အရောင်တွေတောင် ခွဲခြားသိနိုင်သည်။

ဘဝတစ်ကွေ့မှာ...Donde viven las historias. Descúbrelo ahora