ဒုက္ခရောက်ကြပုံများ
စိုင်းအိုက်ထွေးဘဝမှာ စစ်ဆိုတာ သူ့အမေနဲ့ အစ်ကိုမှာပဲ အဆုံးသတ်ခဲ့ပြီလို့ ထင်ခဲ့တာပါ။ အခုတော့ သူနဲ့အနီးလေးကို ကပ်လို့လာပြန်ပါပြီ။ သတင်းစကားတွေကလည်း အဆက်မပြတ် ကြားလာရတယ်။ အဲလိုနဲ့ စိုင်းအိုက်ထွေးတို့ နေအိမ်ကိုစွန့်ခွာပြီး ပြေးကြရတယ်။
တစ်ချို့က တစ်ရုတ်ပြည်ဘက်ကို ရောက်ကုန်ကြတယ်။ တစ်ထောင်ဝန်းကျင်လောက်ရှိမယ်ဆိုပဲ။ စိုင်းအိုက်ထွေးတို့ကတော့ နမ့်ခမ်းမြို့နယ် ဒုက္ခသည်တွေနေတဲ့ ဘုန်းကြီးကျောင်းမှာပါ။ အ.ထ.က_၂ကျောင်း မှာက တစ်စု။ ဘုန်းကြီးကျောင်းဆိုတော့ အစားအသောက်ကတော့ ပေါတယ်။ နေရတာလည်း လွတ်လပတယ်။ နန်းဟွေမိုးကတော့ ထွက်လာကတည်းက တဆာဆာငိုနေတော့တာပဲ။ သမီးငယ်ကိုလည်း ရင်ခွင်ထဲမှာပဲ ထားတယ်။ မျက်စိအောက်က အပျောက်မခံဘူး။ သားကြီးကတော့ ကလေးသဘာဝ ဟိုနားစူးစမ်း၊ သည်နား စူးစမ်းပေါ့။ ယောက်ျားလေးဆိုတော့ ပြဿနာမဖြစ်ရင်ပြီးရောဆိုပြီး လွှတ်ထားလိုက်တာပါ။
နမ့်ခမ်းဘုန်းကြီးကျောင်းမှာ ရက် ၂၀ လောက်ကြာတော့ ကျောင်းအောက်မှာ လူတွေစုနေတာကို စိုင်းအိုက်ထွေးက မြင်တော့ ဘာလဲဆိုပြီး သွားကြည့်တယ်။ အဲသည်မှာ ခပ်ပိန်ပိန်၊ မုတ်ဆိတ်ရှည်ရှည်နဲ့ အသက် ၄၀ ကျော်လူကြီးတစ်ယောက်က အရွယ်ကောင်းတဲ့ဘယ်ယောက်ျားမဆို စစ်ထဲလိုက်လိုက်ဖို့ ခေါ်နေတယ်။ မဖြစ်မနေ လိုက်ရမယ်တော့ မဟုတ်ဘူး။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုပါ။ လိုက်ဖို့ရာ စာရင်းပေးကြတဲ့ လူတွေလည်း အများကြီး။
စိုင်းအိုက်ထွေးက စစ်ကိုနာကျည်းနေသူဆိုတော့ လိုက်ချင်တယ်။ စစ်ကိုမုန်းလို့ တိုက်ချင်တဲ့သဘောပါ။ ဒါက သူ့ဆုံးဖြတ်ချက်။ နန်းဟွေမိုးကို မတိုင်ပင်ရသေးဘူး။ ဒါနဲ့ လူအုပ်ကြားထဲကနေ တိုးထွက် လာပြီး နန်းဟွေမိုးရှိတဲ့ ဘုရားစောင်းတန်းလေးပေါ် တက်လာခဲ့တယ်။ သူ့ဆန္ဒကို မပြောခင်မှာ နန်းဟွေမိုးက အရင် စကားတစ်ခွန်းပြောလိုက်တယ်။
“ဂဝါ….၊ နန်းတို့ ဘယ်တော့အိမ်ပြန်ရမလဲ သိလား”
“လွယ်လွယ်တော့ ပြန်လို့ရမယ်မထင်သေးဘူး…နန်း၊ အခုဆို ငါတို့လိုရှောင်ပြေးနေကြတဲ့သူတွေ များသထက်တောင် များလာပြီ၊ တိုက်ပွဲတွေကလည်း မရပ်ဘူး”
DU LIEST GERADE
ဘဝတစ်ကွေ့မှာ...
Actionကျွန်တော့်ဘဝတစ်လျှောက်မှ ဘဝတစ်ကွေ့တွင် တွေ့ကြုံခဲ့ရသော အကြောင်းအရာများအနက် ဖားကန့်သို့ အလုပ်လုပ်သွားစဉ်က ဖြစ်ပျက်ခဲ့သော အကြောင်းအရာတစ်ချို့ကို မှတ်သားမှတ်ဖွယ်အဖြစ်ဖြင့် ဝတ္ထုတစ်ပုဒ်ပမာ ဖန်တီးရေးသားထားခြင်းဖြစ်သည်။