အပေးနှင့်အယူ
၂၀၁၄ခုနှစ် နိုဝင်ဘာလ
အမှန်းတိုင်း ဝင်ခံရလျှင် စိုးနိုင် ဖားကန့်ကိုရောက်လာကတည်းက အချိန်တော်တော်များများဟာ ဦးရှမ်းနဲ့သာ ကုန်ဆုံးခဲ့သည်ပဲ ဖြစ်သည်။ ဒါဟာ စိုးနိုင် .. ဦးရှမ်းကို ချစ်လွန်းလို့ ဖြစ်သည်။ မနက်တိုင်လျှင်တော့ အလုပ်ချိန်နားနီးမှ အိပ်ရာထ,တတ်ပြီး အလုပ်တစ်ချိန်လုံးဦးရှမ်းနဲ့သာ ဟိုသည် ရှိနေသည်။ အလုပ်သိမ်းလို့ အိမ်ပြန်လျှင်တော့ ဦးရှမ်းနောက် လိုက်သွားပြီး သောက်ရေသုံးရေ ခပ်ပေးသည်။ ဦးရှမ်းရေချိုးဖို့ ရေငင်ပေး သည်။ ဦးရှမ်းနှင့် ဒေါ်နန်းဟွေမိုးကလည်း တွေ့လိုက်သည်နှင့် တကျက်ကျက်ရှိသေးသည်။
ဦးရှမ်းရဲ့သားငယ်လေး နော်ဆိုင်းနွမ်ကတော့ စိုးနိုင်ကို ခင်မင်လာတတ်သည်။ ကချင်ပြည်မှာမွေးတဲ့ ရှမ်းနှစ် ယောက်ရဲ့သားလေးက ချစ်စရာကောင်းလှသည်။ သို့သော် ဖွံ့ဖြိုးမှုတော့ နည်းသည်ထင်မိ၏။
“ကောကော”
“ဟင်…ဆိုင်းနွမ်”
“ပါးပါးက ဘာလို့ အိမ်ပြန်မအိပ်တာလဲ၊ ပါးပါးအိမ်ပြန်လာအိပ်အောင် ကောကောပြောပေးနော်”
ဟုတ်တော့လည်း ဟုတ်မည်။ စိုးနိုင်ပင် ရင်ထဲ စို့နင့်နင့်။ ကလေးဆိုတော့လည်း ဖခင်ရင်ခွင်ထဲ ဝင်ရှာ ချင်လိမ့်မယ်ပေါ့။ ဦးရှမ်းကတော့ နော်ဆိုင်းနွမ်ကို တယုတယ ပွေ့ဖက်ဖို့မပြောနဲ့၊ အနားလာရင်တောင် အော် လွှတ်တာမျိုးရှိလေသည်။
“ကောကော… သား ပါးပါးကို ပြောလိုက်မယ်နော်”
တကယ်လည်း ဦးရှမ်းကိုပြောဖြစ်ခဲ့ပါသည်။ ဦးရှမ်ကတော့ လုံးဝသွင်သွင် ငြင်း၏။ “မင်းမသိပါဘူး အငယ်လေးရာ”ဟု ညည်းသလိုပြောတတ်ပြီး စကားလမ်းလွှဲပစ်တတ်လေသည်။
ညဆိုလျှင်တော့ လက်ဖက် ရည်ဆိုင် သို့မဟုတ် ဘီယာဆိုင်သေးသေးလေးကို ပုံမှန် နှစ်ယောက်သား ထိုင်ဖြစ်ကြပြီး ကိုယ့်ရွာ ကိုယ့်ဇာတိ အကြောင်းတွေ အပြန်အလှန် ပြောဖြစ်သည်။ တစ်ခါတစ်လေတော့ အဓိပ္ပါယ်မရှိစွာ ရောက်တတ်ရာရာ ပြောတတ်ကြ၏။ ထိုအချိန်တွင်တော့ စိုးနိုင်က လက်ဖက်ရည် သို့မဟုတ် အအေးတစ်မျိုးမျိုးကို သောက်သည်။
YOU ARE READING
ဘဝတစ်ကွေ့မှာ...
Actionကျွန်တော့်ဘဝတစ်လျှောက်မှ ဘဝတစ်ကွေ့တွင် တွေ့ကြုံခဲ့ရသော အကြောင်းအရာများအနက် ဖားကန့်သို့ အလုပ်လုပ်သွားစဉ်က ဖြစ်ပျက်ခဲ့သော အကြောင်းအရာတစ်ချို့ကို မှတ်သားမှတ်ဖွယ်အဖြစ်ဖြင့် ဝတ္ထုတစ်ပုဒ်ပမာ ဖန်တီးရေးသားထားခြင်းဖြစ်သည်။