သူတို့နေထိုင်ရာပတ်ဝန်းကျင်
ပေ ၆၀ ပတ်လည်ကုန်းစောင်းဝန်းကြီးထဲတွင် လူနေအိမ်လေးများ ပွတ်သိပ်လို့နေသည်။ လူနေအိမ်ဆို သော်လည်း ဆယ်ပေပတ်လည် သက်ငယ်မိုး ထရံကာအခန်းကျဉ်းလေးမျှသာ ဖြစ်၏။ ရေအိုး၊ပန်းကန်၊မီးဖို မီးသွေးတို့ကိုတော့ အခန်းကျဉ်းလေးရဲ့အပြင်တွင် ဖြစ်သလို ထားရသည်။ အိမ်လေးတွေမှာလည်း ပူးကပ်လွန်း လှသည်။ တစ်အိမ်နှင့်တစ်အိမ်ကြား လူတစ်ကိုယ်စာသွားသာရုံကလေးမျှပင်။
ဝန်းကြီးရဲ့အနောက်တောင်ထောင့်မှာတော့ သွပ်မိုးပျဉ်ကာ ရခိုင်အိမ်ကြီးရှိပါသည်။ တောင်ဘက်တွင် ရေငင်တွင်းနှင့် အိမ်သာသုံးလုံးရှိသည်။ တစ်ဝန်းလုံးတွင်လည်း ဟောင်ဖွာဖွာအနံ့တွေ လွင်ပျံနေ၏။
စိုးနိုင်သည် ဦးရှမ်းကို သူ့အိမ်အလည်လိုက်ခဲ့မယ်ပြောတိုင်း ဦးရှမ်းက မခေါ်ချင်ဘဲ ငြင်းခဲ့သည်မှာ ထို့ကြောင့်ပင် ဖြစ်သည်။ ယခုတော့ ဦးရှမ်းက မလိုက်နဲ့ဆိုလည်း စိုင်းနိုင်က ဦးရှမ်းရဲ့နောက်ခပ်ကွာကွာမှ လိုက်လာခဲ့သည်။ ရောက်လာတော့ ထိုင်စရာနေရာမရှိ၍ ဘယ်ကဆွဲလာသည်မသိသော ပလတ်စတစ်ထိုင်ခုံပု လေးကို ချပေးသည်။ အိမ်အခန်းလေးထဲတွင် အိမ်ရာလိပ်၊ အဝတ်စားထည့်သော ကတ်ထူဖာတွေ၊ တိုလီမုတ်စ တွေဖြင့် ပြည့်နေပြီး ဦးရှမ်းတို့သုံးယောက် ဘယ်လိုအိပ်ပါလိမ့်ဟု တွေးကြည့်ရင်းပင် မွန်းကြပ်လှသည်။
စိုးနိုင်သည် နေရာမှ ထ,ပြီး ဦးရှမ်းရေချိုးသော ရေငင်တွင်းဆီသို့ လိုက်သွားကာ ရေငင်ပေးလေ၏။
"ဦးရှမ်းရယ် နေရာတွေကလည်း ကျဉ်းလိုက်တာ၊ အသက်ရှူတောင်ကြပ်တယ်"
"အဲလိုပဲ အငယ်လေးရာ... ငါတို့ဘဝတွေက သည်တစ်သက် ကိုယ်ပိုင်အိမ်နဲ့ နေလို့ရမယ်မထင်တော့ ဘူး၊ မိန်းလီ ကျောက်ပွင့်ရင်ပွင့်၊ မဟုတ်ရင် ငါတို့ဘဝက သည်လိုနဲ့သေမှာ"
"အိမ်လခကရော် ဘယ်လောက်ပေးရသလဲ"
"တစ်လ တစ်သိန်းဗျို့၊ ရှစ်သောင်းနဲ့ရပါစေကြောင်း လင်မယားနှစ်ယောက် ဒူးထောက်ထားရတယ်"
STAI LEGGENDO
ဘဝတစ်ကွေ့မှာ...
Azioneကျွန်တော့်ဘဝတစ်လျှောက်မှ ဘဝတစ်ကွေ့တွင် တွေ့ကြုံခဲ့ရသော အကြောင်းအရာများအနက် ဖားကန့်သို့ အလုပ်လုပ်သွားစဉ်က ဖြစ်ပျက်ခဲ့သော အကြောင်းအရာတစ်ချို့ကို မှတ်သားမှတ်ဖွယ်အဖြစ်ဖြင့် ဝတ္ထုတစ်ပုဒ်ပမာ ဖန်တီးရေးသားထားခြင်းဖြစ်သည်။