နားမလည်သောလုပ်ရပ်
“မင်းရော…ငါ့ကိုမချစ်ဘူးလား…”
“ချစ်ပါတယ်”
“ဘယ်လိုချစ်တာလဲ၊ ငါချစ်သလိုပဲ ချစ်တာလား”
“မသိဘူး…၊ ဦးရှမ်းကို ချစ်တာပဲ သိတယ်”
ဦးရှမ်းက ပြုံးပြီး စိုးနိုင်ပုခုံးကို လာဖက်သည်။ စွတ်လာသော ရေမွှေးနံ့လေးက တစ်လမ်းလုံး သင်းပျံ့ နေသည်။ ဘာနံ့လဲတော့မသိ။ မွှေးတော့မွှေးလှသည်။ ခြံကနေထွက်လာတော့ ၇ နာရီကျော်ပြီဖြစ်၍ မီးရောင်ရှိသော ပေတရာတိုင်ပဲ လာခဲ့သည်။ ဒီဇင်ဘာလဖြစ်၍ အစောကတည်းက ချမ်းလာလေသည်။ စောစောလည်း မှောင်နေသည်။ လမ်းတွင် ဆိုင်တော်တော်များများ ပိတ်ထားသည်ဖြစ်၍ လူလည်း ရှင်းလှသည်။
“သိလား အငယ်လေး၊ မင်းကျောက်ရှာတဲ့နေရာကနေ ငါ့ရေကားနောက်လိုက်ရအောင် ငါပဲ အတင်း အဓမ္မပြောခဲ့ရတာ၊ ရေကားမောင်းရတာ တစ်ယောက်ထဲ ဘာညာမဖြစ်ဘူးဆိုပြိး ကြီးကြပ်တွေကို နားပူနားဆာတိုက်ပြီး မင်းကို ငါ့အနားရောက်အောင် ခေါ်ခဲ့တာပဲ”
“အဲသည်တော့ ကျွန်တော် ကျောက်နားမလည်တော့ဘူးပေါ့၊ နောင်တစ်ချိန်ပြန်လာရင်တောင် ကျောက်မရှာတတ်တော့ဘူး”
“ကားမောင်းတတ်တယ်လေ၊ ကားမောင်းပေါ့၊ ကျောက်နားလည်ဖို့က လွယ်ပါတယ်၊ ဘာလဲ မင်းက နောင်တရနေတာလား”
“အင်း၊ မျောမထိုးရတော့ ကျောက်ဖို့မရလို့ စိတ်ညစ်တာပေါ့”
“သည်မှာ ဆီစာရင်းစစ်ရသွားတာပဲ၊ ပိုမပိုင်ဘူးလား၊ ငါ့ကို ကန့်လန့်လာမပြောနဲ့နော်၊ ဆွဲနမ်းပစ်မှာ”
ဦးရှမ်းက စိုးနိုင်ကို ဆတ်ခနဲတွန်းပြီး ဆတ်ခနဲ့ ပြန်ဆွဲလိုက်သည်။ အတန်ကြာကြာလျှောက်လာတော့ တောအုပ်လေးနားက စစ်သားတွေနားရောက်လာတော့ စိုးနိုင်သည် အလိုလိုနှာခေါင်းရှုံ့မိသည်။ သည်စစ်သား တွေကို အရင်လို သဘောမကျတော့ပေ။ဦးရှမ်းက ရှမ်းဘောင်းဘီနဲ့လိုက်သည်ဆိုရမလား။ စိုးနိုင်အမြင်မှာ သည်နေ့ အတော်ကြည့်ကောင်းနေ၏။ စိုးနိုင်ကိုချစ်တဲ့အကြောင်းတွေပြောတာကလည်း ကြည်နူးစရာကောင်း လွန်းသည်။ စိုးနိုင်လည်း ဦးရှမ်းနှင့် အတူ ထပ်တူထပ်မျှ ခံစားခဲ့ရတာပါ ဆိုတာကိုတော့ ထုတ်မပြောဖြစ်ခဲ့။ ဘာကြောင့် ထုတ်မပြောခဲ့တာလည်းဆိုတာလည်း စိုးနိုင်မှာ အကြောင်းပြချက်ရှိလေသည်။
YOU ARE READING
ဘဝတစ်ကွေ့မှာ...
Actionကျွန်တော့်ဘဝတစ်လျှောက်မှ ဘဝတစ်ကွေ့တွင် တွေ့ကြုံခဲ့ရသော အကြောင်းအရာများအနက် ဖားကန့်သို့ အလုပ်လုပ်သွားစဉ်က ဖြစ်ပျက်ခဲ့သော အကြောင်းအရာတစ်ချို့ကို မှတ်သားမှတ်ဖွယ်အဖြစ်ဖြင့် ဝတ္ထုတစ်ပုဒ်ပမာ ဖန်တီးရေးသားထားခြင်းဖြစ်သည်။