အခန်း(၀၉)

32 3 1
                                    

တစ်ချို့သော ဘဝတွေ

မြေစာ(မျော)ဝယ်သောအိမ်သည် ကုန်းမြေစောင်းကြီးမှာ ဖြစ်တာမို့ စိုးနိုင် ကားမမောင်းဝံ့ဘဲ ဦးရှမ်း အားလွှဲလိုက်ရသည်။ သည်နေရာ သည်ပတ်ဝန်းကျင်ကို ရောက်တာ ၁လကျော်ပြီဖြစ်သော်လည်း သည်ပတ် ဝန်းကျင်က လူတွေနှင့်တော့ စိုးနိုင် မရင်းနှီးပါ။ စစ်ရှောင်အစုလေးရဲ့ ခပ်းလှမ်းလှမ်းက အိမ်ကလေးဖြစ်ပြီး ကချင်မျိုးနွယ်စုလေးပင် ဖြစ်လေသည်။

ဦးရှမ်းသည် မျောတွေတွန်ချပြီး ကားပေါ်မှ ဆင်းလာတော့ အသားညိုညိုကချင်မကြီးက ပိုက်ဆံ သုံးသောင်း ထုတ်ပေးသည်။

“ကျေးဂျုကမ္ဘာ နော့”

“ဟုတ်ကဲ့ ကျေးဇူးပါ”

“နောက်လိုအပ်ရင် ပြောမှာပ၊ အဒေါ့်နာမည်က ခေါန်လုနန် ခေါ်တယ်၊ အဆင်ပြေမှာပါနော့၊ အဆင် ပြေရင် ကောင်းတာပ”

ခေါန်လုနန်(ဒေါ်လုနန်)သည် ပေါင်းထားသော ကချင်သဘက်ပြီးကို ခေါင်းမှ ဖြုတ်ပြီး မျက်နှာ က ချွေးစတွေကို တို့ထိ သုတ်နေလိုက်သည်။ ထို့နောက် ဖျာပေါ်တွင် တည်ကျင်းထားသော ပိန်းနှဲသီးစိပ်ပန်းကန် နှင့် ရေနွေးအိုးကို စိုးနိုင်တို့နား တိုးပေးလေသည်။

“သည်မယ် ခေါန်လုနန်က တစ်ယောက်ထဲ နေတာလား၊ဘယ်သူတွေ ရှိသေးလဲ”

“ယောက်ျားရှိတာပ၊ အမွိုင် (ယောက္ခမ)ရှိတာပ၊ အခုယောက်ျားက တအားအလုပ်များတယ် ကော၊ အမွိုင်ကလည်း အိပ်ရာထဲမယ်”

“သည်ဇာတိကလား”

“ဘယ်ဟုတ်မလဲ၊ အဒေါ်တို့က မန်စီက၊ မန်စီသိတယ်ကော၊ ဗန်းမော်နားက”

“မန်စီကလား… ကျုပ်တို့လည်း မန်စီကပဲ၊ ဒါပေမယ့် သူက မန်စီဇာတိအစစ်မဟုတ်ဘူး၊ ရှမ်းပြည် ဘက်က”

“ဪ….ဪ”

“ကဲ… ခေါန်လု၊ ကျုပ်တို့ပြန်လိုက်ဦးမယ်၊‌ေမြစာလိုချင်သူရှိရင် ပြောပါ့ဦး”

ဘဝတစ်ကွေ့မှာ...Donde viven las historias. Descúbrelo ahora